Page:ရွှေဘုံနိဒါန်း.pdf/56

From Wikisource
Jump to navigation Jump to search
This page has been proofread.

ရှိသောသူ ဖြစ်သည် အောက်မေ့၍ နွားလားဥဿဘစောင့်

သော နတ်သမီးပြာသာဒ်လမ်းကို ညွန်ပြလိုက်၍ သွား

လေလျှင် ကြာနတ်သမီးမြင်လသော် ရှေးကုသိုလ်ကံ စီမံ

ကြုံကြိုက်ကြသည့်အချိန်ရောက်သဖြင့် တကိုယ်တစိတ်

တည်း ဖြစ်ကြလေ၏။ ဆင် ခြင်္သေ့ ရုက္ခဇိုဝ်းနတ်တို့နှင့်

လည်း တွေ့၍ ရှေးနည်းသွားလေလျှင် ဆင် ခြင်္သေ့ ရုက္ခ

ဇိုဝ်းတို့ စောင့်ရှောက်သော ကြာနတ်သမီးတို့နှင့်နန္ဒကုမာ

ရ တကိုယ်တစိတ်တည်းရှိသည်ဖြစ်၍ ကုမုဒ္ဒရာကြာပန်းယူ

လာကြောင်းကို ပြောဆိုလျှင် ကြာနတ်သမီးတို့ကလည်း

ကုမုဒ္ဒရာကြာပန်းသည် ကျွန်ုပ်တို့အမိပင်ဖြစ်သည် ပြော

ဆို၍ ကုမုဒ္ဒရာကြာပန်းကို ဆောင်ယူပြီးလျှင် နန္ဒကုမာရ

နှင့်ကြာနတ်သမီးလေးယောက် ဓိဋ္ဌါန်သစ္စာပြုကြလေ

သော် ဘုရားလောင်း၏ သစ္စာအာနုဘော်၊ ကြာနတ်သမီး

တို့၏ ဓိဋ္ဌါန်ခြင်းကြောင့် သိကြားနတ်လည်း ပြာသာဒ်ဘန်

ဆင်း၍ ကောင်းကင်ခရီးဖြင့် ကြာနတ်သမီးလေးယောက်

နှင့်တကွ နန္ဒကုမာရ ပြန်လာခဲ့၏။ ဘုရားလောင်းတို့ သစ္စ

ာဓိဋ္ဌါနပြုသမျှသည် အပြီးတိုင်မြဲဖြစ်ကုန်သည်ကို ရည်၍ ပ

ညာရှိတို့ စပ်ဆိုသည်မှာ "ဗောဓိသတ္တ ဗျာဒိတ်ရတို့

မြွက်ဟဆောက်တည် ဓိဋ္ဌာန်သည်ကား သွေဖည်မလွဲ

မချွတ်ဘဲလျှင် ပြီးမြဲဧကန် စင်စစ်မှန်၏" ဟူ၍ စပ်ဆို

လေသည်။ ပြာသာဒ်စီးလျက် ကြာနတ်သမီးလေးယောံ

နှင့် ကောင်းကင်ခရီးကို လာခဲ့၍ ဗာရာဏသီပြည်အနီးသို့

ရောက်လျှင် ပြာသာဒ်မှသက်၍ ကုမုဒ္ဒရာကြာပန်းကို