Page:ရွှေဘုံနိဒါန်း.pdf/55

From Wikisource
Jump to navigation Jump to search
This page has been proofread.

အား လျှောက်ထားလေလျှင် ဗာရာဏသီမင်းလည်း နန္ဒ

ကုမာရကို သားကဲ့သို့ ချစ်ကြည်သည်၏အဖြစ်ကြောင့် အ

လိုအလျောက်သေလေစေ ရည်၍ ဗာရာဏသီပြည်၏

မြောက် ငါးယူဇနာကွာသော တောအရပ်တွင် ကုမုဒ္ဒရာ

ကြာပန်းကို ဆောင်ယူရမည် စေ၍ နန္ဒကုမာရ သွားရလေ

သော် ငါးယူဇနာခရီးအလွန်၌ ဟိမဝန္တာတောစပ်သို့

ရောက်၍ ညောင်ပင်ကြီးအရိပ်တွင် နားနေ၏။ ဟိမဝန္တ

တောစပ် အရပ်တပါးဝယ် သစ်သီးမျိုး ပန်းမျိုးတို့ဖြင့် ခြံရံ

လျက် အိုင်ကြီးတခု၌ သိကြားနတ်တို့ ရံဘန်ရံခါ ပျော်မြူး

လာ၏။ ကဿပဘုရားသခင်လက်ထက်တော်၌ မိဘုရား

လေးယောက်တို့သည် ကုမုဒ္ဒရာကြာ လက်စွဲလျက် တရား

နာသောအဆုံး၌ အမိဝမ်းမှာ ပဋိသန္ဓေနေရခြင်းသည်

ဆင်းရဲလှသည်၊ ပဋိသန္ဓေနေခြင်း ကင်းစေသောဟု ဆုပန်

ယူဘူးသောကြောင့် ထိုအိုင်တွင် ကြာနတ်သမီးလေး

ယောက် သံသေဒဇ ဖြစ်လာ၏။ သိကြားနတ်လည်း ကြာ

နတ်သမီးလေးယောက်ကို ပြာသာဒ်လေးဆောင်ဘန်ဆင်း

၍ အခြွေအရံနှင့်တကွ ရုက္ခဇိုဝ်းနတ် ဆင် ခြင်္သေ့ နွား

လားဥဿဘတို့ကို တဦးစီအပ်၍ အစောင့်အရှောက်ထား

၏။ နန္ဒကုမာရလည်း ပညောင်ပင်ကြီးရိပ်၌ နားလေသည်

ကို နွားလားဥဿဘတွေ့လေ၍ ကုမုဒ္ဒရာကြာပွင့်ယူ လာ

ကြောင်းကို ပြန်ပြောလျှင် လူသာမညကား ရောက်နိုင်မည်

မဟုတ်၊ သည်အရပ်သို့ ရောက်လာနိုင်သည် ဘုန်းတန်းခိုး