Page:ရွှေဘုံနိဒါန်း.pdf/54

From Wikisource
Jump to navigation Jump to search
This page has been proofread.

မှည့်ကြကုန်သည်။ အသက်တဆဲ့ခြောံနှစ်ရွယ် ရောက်

သောအခါ အိပ်မက်မြင်သည်မှာ မြစ်ကမ်းနှစ်ဘက်တွင်

ခြေနှစ်ဘက်တင်လျက် ကိုယ်မှာ မြစ်လယ်တွင်နေ၍ မျော

လာသမျှအမှိုက် ဝမ်းထဲသို့ဝင် မက်သည်။ အိပ်မက်ကို ပု

ရောဟိတ်ပုဏ္ဏားအား ပြန်ကြားမည်သွားလေလျှင် ဗန္ဒလ

ကုမာရအမည်ရှိသော သူငယ်ချင်းအဘော် ပါ၏။ ပုဏ္ဏေး

မကို ပြန်ပြောလျှင် ဖျဉ်းအနာစွဲလိမ့်မည် နိမိတ်ဘတ်လေ

သည်။ ပြန်ခဲ့၍ လမ်းတွင် ပုဏ္ဏားနှင့်တွေ့လေသော် အ

ကြောင်းမျိုးကို မေးမြန်းပြီးမှ ပုဏ္ဏေးမဆံထုံးကို လှီး၍ ပစ်

လိုက်သည်တွင် မိုဃ်းကြိုးပစ်လေသည်။ ပုဏ္ဏားလည်း

"သည်အိပ်မက်သည် အတုမရှိသောအိပ်မက် ဖြစ်သည်။ မင်း

ခစားရမည်။ မရှည်မကြာ မဟာသမုဒြာနား၌ ပြည်ကြီးမြို့

ကြီးတွင် မင်းဖြစ်လိမ့်မည်" ဟောပြောလိုက်၍ နန္ဒကုမာရ

လည်း ဗာရာဏသီမင်းဝယ် ဗန္ဒလကုမာရနှင့်အတူ ခစား

ကြလေသော် ဗာရာဏသီမင်းလည်း နန္ဒကုမာရ၏ အ

ရောင်အဆင်း၊ အင်္ဂါလက္ခဏာ၊ အကျင့်အာစာရ၊ အပြုအ

မူ အပြောအဆို၊ အနေအထိုင် အစားအသောံတို့ကိုမြင်လျှင်

ချီးမွမ်းနှစ်လို့ဘွယ်ရှိ၍ သား၏အမှတ် ချစ်ကြည်မြတ်

နိုးလေသည်။ ပုဏ္ဏေးမဆိုသည့် နှုတ်နိမိတ်အတိုင်းလည်း

ဝမ်း၌ ဖျဉ်းအနာစွဲ၍ ခုနစ်ရက်ခန့်မျှ မင်းမခစားနိုင်။ နန္ဒကု

မာရမရှိသည်အခိုက် ဗန္ဒလကုမာရသည် ချုတ်ချုပ်ချယ်လို

သည့်စိတ်ဖြင့် နန္ဒကုမာရအိပ်မက်မြင်သည့်အကြောင်း၊ ပု

ဏ္ဏေးမဟောပြောသည့်အချက်များကို ဗာရာဏသီမင်း