Page:ရွှေဘုံနိဒါန်း.pdf/41

From Wikisource
Jump to navigation Jump to search
This page has been proofread.

တော်ပတ္တမြား ဆင်ဝတ်စားနှင့် သိကြားတမျှ" ဟူ၍၎င်း၊

"ပေါင်းတော်နဝရတ် မျက်ခတ်စီဆင် မိုးနတ်သွင်တည့်"

ဟူ၍၎င်း၊ "စိန်တွယ်မြတွယ် မျက်ခြယ်ပေါင်းတော် ကျူး

ကျော်ဆန်းပြား" ဟူ၍၎င်း စပ်ဆိုလေသည်။

(၃၃) လေသာဆောင်တော်မှာ အခြားအဆောင်

ကဲ့သို့ အကာအရံမရှိ။ လေညင်းလေသာဝင်ရာဖြစ်၍၎င်း၊

လေညင်းလေသာခံတော်မူရာ စံတော်မူရာအရပ် ဖြစ်၍

၎င်း၊ လေသာဆောင် ခေါ်ဝေါ်သမုတ်လေသည်။

(၃၄) ပရိတ်နာဆက်ဆောင် ခေါ်ဝေါ်သမုတ်သည်မှာ

ဧကရာဇ်မင်းမြတ်တို့ ထွက်စံသည်ဖြစ်စေ၊ မထွက်စံသည်

ဖြစ်စေ ရံဖန်ရံခါ အမှုနှင့်လျော်စွာ ကြုံကြိုက်သည့်ကာ

လ ပတိပေါင်းတော် သရဘူတော် မကိုဋ်တော် အစ

ရှိသော အဆောင်အယောင်တော် မင်းဝတ်တန်ဆာ

တော်များကို ပရိတ်တော်ခံသည်၊ ပရိတ်တော်နာသည်၊

ပရိတ်တော်ပန်းဆက်သည်များကို အကြောင်းပြု၍ ပရိတ်

နာဆက်ဆောင် ခေါ်ဝေါ်သမုတ်သည်။ ရာဇမဏိစူ

ဠာဘုရားဒါယကာလက်ထက် တောင်ဘီလာဆရာ

တော် မန်းစက်တော်ရာကပြန်၍ နန်းတော်သို့ပင့်သည်ကာ

လ ပရိတ်တော်ဆက်ဆောင်တွင် အတွေ့ခံတော်မူသည်။

အထက်စက်တော် အောက်စက်တော်ကို တရာ့ရှစ်မျှင်ချည်

နှင့် မှတ်သားတိုင်းယူခဲ့သည့် စက်တော်တိုင်းချည်ကို

စက်တော်ဦး စက်တော်ဖနှောင့် မှတ်သားထားပြီးလျှင်

ပရိတ်တော်ရွတ်သည်။ ကမ္မဋ္ဌာန်း သရဇ္ဈာယ်တော်မူ