Page:ရွှေဘုံနိဒါန်း.pdf/42

From Wikisource
Jump to navigation Jump to search
This page has been proofread.

သည်။ ရှိခိုးပူဇော် ပြုတော်မူ၍ ဆရာတော်နှင့်မင်းဧက

ရာဇ် ကိုယ်တော်နှစ်ပါးသည် ထင်ရှားစွာ နိမိတ်ပြာဋိ

ဟာကို ပြတော်မူစေသောဟု သစ္စာဓိဋ္ဌာန်ပြုသည်တွင်

ညိုသောရောင်ခြည်တော် ပြတော်မူလေသည် ဟူ၍ စာ

ဟောင်းများတွင်ရှိသည်ကို ထောက်လျှင် ပရိတ်နာဆက်

ဆောင်တွင်ကြောင်းကို သိရသည်။

(၃၅) ဇေတဝန်ဆောင် ခေါ်ဝေါ်ကြောင်းမှာ မဇ္ဈိမ

ဒေသကပင် ခေါ်ဝေါ်သမုတ်ခြင်း ဖြစ်သည် ယူရန်ရှိ

သည်။ ဇေတဝန်အမည်သည် မာဂဓစကား ဖြစ်သည်။

မာဂဓရာဇ်တိုင်းသားတို့ အခေါ်အသုံး ဖြစ်သည်ဆိုသည်

မှာ ဇေယ ဇိတ ဇိယံ ဇီတဝါ ဇယော ဇယ ဆိုသည်

များသည် မြန်မာပြန်လျှင် အောင်ခြင်းသဘောကို ရ

သည်။ မာဂဓရာဇ်တိုင်းသားတို့မှာသာ အောင်သည်ကို

စကားအများ ရှိသည်မဟုတ်။ မြန်မာဘာသာစကားမှာ

လည်း နှိပ်သည်၊ နင်းသည်၊ နွံသည်၊ နိုင်သည်၊ အောင်သည်

စကားတရပ်၊ ကြောက်သည်၊ ငြင်သည်၊ ထိတ်သည်၊ လန့်

သည်၊ ရွံ့သည် စကားတရပ်၊ ကဲသည်၊ စိုးသည်၊

ချုပ်သည်၊ အုပ်သည် စကားတရပ်၊ စကားတခုကို အ

သွယ်သွယ်ပရိယာယ် များပြားသည်ကို ထောက်လျှင်

ဇိတဝါ ခေါ်ဝေါ်ရင်း မာဂဓစကားပင် ဖြစ်သည်။ ဣကို

ဧပြုသည်။ ဧကို ဣပြုသည်။ ဣ ကို ဥပြုသည်။ ဥကို