Page:ရွှေဘုံနိဒါန်း.pdf/40

From Wikisource
Jump to navigation Jump to search
This page has been proofread.

သည်။ အချို့ ပုဂံပြည်ဝယ် တောင်သူကြီးမင်း ပြုသည့်ကာ

လ ယာခင်းတွင်လုပ်ဆောင်သည့် ဗူးသခွါးတို့ကို ဆောင်

ယူစေ၍ ရဟန်းပုဏ္ဏားတို့အား မပြတ် ပေးကမ်းလှူဒါန်း

သည်။ မောင်းမမိဿံတို့အား ဝေငှသည်။ တနေ့မပြတ်

သုံးစွဲ၍မကုန်လေလျှင် ထားမိထားရာရှိသည်နှင့် နန်း

တွင်ခင်းထားသည့် ဖျာသင်ဖြူးတို့ အနားလန်သည်များကို

လမ်းရှင်းအောင် ဗူးသခွါးတို့နှင့် ဘိထားသည်။ နောက်

နောက်သောမင်းတို့လက်ထက် ဗူး၏သဏ္ဌာန် ကျောက်

ကို လုပ်ထားသည် ဆိုသည်။ သို့ဖြစ်၍ ထိုကျောက်ကို လန်

ဘိကျောက် ခေါ်ဝေါ်သည်လည်း ဆိုသည်။ လူကြီးသူ

ကြီးတို့ အစဉ်ပြောဆိုကြသည် နှစ်သွယ်နှစ်ကြောင်း ရှိ

သည်တွင် ပညာရှိတို့ စပ်ဆိုသည်မှာ "မင်္ဂလာညွန့်ဘူး

ရွှေနန်းဦးတွင် သင်ဖြူးနီလျှမ်း အနားမွှမ်းတွင် မင်းလမ်း

ဘိမြဲ ကြာမုံခဲနှင့်" ဟူ၍ စပ်ဆိုလေသည်။

(၃၂) ပေါင်းတော်ဆောင်မှာ ပေါင်းတော်ထား

သည်။ အထွတ်အမြတ်အဦးဖြစ်၍ နန်းမနန်းဦးတည့်တည့်

ဆောက်လုပ်ခြင်း၊ ပေါင်းတော်၊ သရဘူတော်၊ မကိုဋ်

တော်၊ ပတ္တမြားပေါင်းတော်၊ နဝရတ်ပေါင်းတော်၊ ရွှေ

သားပေါင်းတော်၊ ငွေသားပေါင်းတော်၊ ပကတိပေါင်း

ထုပ်တော်တွင် ရွှေသားရွှေတွန့်ပေါင်းတော်၊ စိန်တွယ်

ပေါင်းတော်၊ မြတွယ်ပေါင်းတော်များကို ခေါက်တုံ့

ပြင်ဆင်ထားရာဖြစ်၍ ပေါင်းတော်ဆောင် ခေါ်ဝေါ်သ

မုတ်လေသည်။ပညာရှိတို့ စပ်ဆိုသည်မှာလည်း "ပေါင်း