Page:ရွှေဘုံနိဒါန်း.pdf/39

From Wikisource
Jump to navigation Jump to search
This page has been proofread.

ထည်အလိပ် ဖြစ်သည်။ ရေအိုး သင်းချော အမုံပါ ဂုံစယပ်

စည်း၍ ချိပ်တိုက် သစ်သားကရွတ်နှင့် သောက်ရေစောင်

၍ ပါသည့်အိုး ဖြစ်သည်။ သောက်ရေဆောင်အိုး ခေါ်

သည်။

(၃၁) နေရာသင်ဖြူးတွင် ဘိ၍ထားသည့် လန်ဘိ

ကျောက်ကြာမုံ၏ အကြောင်းမှာ မင်းကြီးစွာစောကဲ

လက်ထက် ရခိုင်ပြည်ကို အအုပ်အချုပ် စောမွန်ကြီးကို

ခန့်၍ စောင့်နေရသည်ကာလ၊ ရခိုင်မင်းပေါင်းသည့်

ကျည်းဦးပေါင်းကို ဆက်လိုက်သည်။ မင်းကြီးစွာစော

ကဲ ဆင်တော်မူမည်ရှိသည်တွင် ဝန်ဇင်းမင်းရာဇာက စုံ

စမ်း၍ ဆင်တော်မူသင့်သည် လျှောက်သောကြောင့်

ဦးပေါင်းကို ဝန်ဇင်းမင်းရာဇာအား ပေးတော်မူသည်။

ဝန်ဇင်းမင်းရာဇာလည်း ရာဇဝတ်ရေး၌ လိမ္မာသည့် အ

မတ်ပညာရှိဖြစ်၍ ဦးပေါင်းကို ဆက်ပြန်သည်။ ဦးပေါင်း

အကြောင်းကို သိသာအောင်စုံစမ်း၍ လျှောက်ရမည် မှာ

ထားလိုက်လျှင် စောမွန်ကြီးက ရခိုင်တွင် လူကြီးသူ

ကြီး သိမှီသသူတို့ကို စစ်ကြောမေးမြန်းစုံစမ်း၍ ရခိုင်

နန်းကျကြီး နန်းကျငယ်တို့ ပေါင်းသည့် ဦးပေါင်းဖြစ်

ကြောင်းကို လျှောက်ထားရာတွင်မှ ရခိုင်နံ ရခိုင်မင်း

တို့ အညွန့်အသားကို နှိမ်စေလို၍ ရခိုင်မင်းဦးပေါင်းနှင့်

တူစွာ ကျောက်ကိုထုလုပ်ပြီးလျှင် နန်းတွင်းတွင် ခင်း

သည့်သင်ဖြူးများမှာ အနားလန်သည်ကို လမ်းသွားသာ

အောင် ဘိထားလေသည်ဖြစ်၍ လန်ဘိကျောက် ခေါ်ဝေါ်