Page:ရွှေဘုံနိဒါန်း.pdf/38

From Wikisource
Jump to navigation Jump to search
This page has been proofread.

နေရာပင် ဖြစ်သည်။ ဆင်ဖြူများရှင်သည် ရာမညတိုင်းအရပ်

၌ မြန်မာမင်းဖြစ်လေသောကြောင့် ရာမညတိုင်းမင်းတို့ အ

သုံးအဆောင်၊ ရာမညတိုင်းသားတို့ ဘာသာအပြောအ

ဆိုနှင့် မြန်မာမင်းတို့ အသုံးအဆောင်၊ မြန်မာ ဘာသာအ

ပြောအဆို အခေါ်အဝေါ်များသည် ထွေးရောလျက်ရှိ

လေသည်။ ဆင်ဖြူများရှင်လက်ထက်ကသည် သားတော်

ညောင်ရမ်းမင်းတိုင် ဆက်နွှယ်သည်ဖြစ်၍ အစဉ်မပျက်

သုံးဆောင်ပြောဆို အခေါ်အဝေါ်ထွေးရောကြလေသည်။

ဓမ္မသတ်စာစောင်များတွင်လည်း အဂ္ဂမဟာသေ

နာပတိ မှူးကြီးမတ်ကြီး ဒေါဗညား မှူးလတ်မတ်

လတ် မှူးငယ်မတ်ငယ်တို့သည် အမှုနှင့်ဆိုင်ရာ ကျူး

လွန်သည်ကို လျော်ပြစ်လျော်ထုံး စီရင်ရသည်ဆိုသည့်အ

ချက်ကို ထောက်၍ ဒေါဗညားတို့သည် ရာမညတိုင်း အ

မှူးအမတ်ဖြစ်ကြောင်းကို သိရသည်။ နေရာတွင် မြင်း

မိုရ်နေရာ၊ ပြင်နေရာ နှစ်နည်းရှိကြောင်းများကို စပ်ဆို

သည်မှာ "မြေနန်းလွှတ်သာ မင်္ဂလာသဘင် နှစ်ဥ

ကင်၌ အပြင်တချက် ရှေးဆက်နဂိုရ် မြင်းမိုရ်မယွင်း

ခင်းသည်စဉ်လာ နှစ်နေရာတွင် ဂုဏ်ဝါချီးဝှဲ မြောက်

လက်ဝဲက" ဟူ၍ စပ်ဆိုလေသည်။

(၃၀) အိမ်ရှေ့မင်းအဆောင် သားတော်ညီတော်တို့

ဝေါပလာရလျှင် ပေးသည့်အဆောင်နီတွင် နုံ ကဝိုင်

ကယပ် ပါသည်မှာ နုံ ဆိုသည်ကား အိုး ဆိုသည်။ ကဝိုင်

ဆိုသည်မှာ ကရွတ် ဖြစ်သည်။ ကယပ် ဆိုသည်မှာ ပုဆိုးအ