Page:ရွှေဘုံနိဒါန်း.pdf/37

From Wikisource
Jump to navigation Jump to search
This page has been proofread.

မျိုး မြို့စားရိုးကို ကောင်းကျိုးဘော်ပြ လက်ပြင်ချ၍"

ဟု စပ်ဆိုလေသည်။

(၂၉) ထွက်တော်မူကြီး ထွက်တော်မူလျှင် ရှေ့

ခြောက်တပ် နောက်ခြောက်တပ် ခင်းကျင်းလိုက်ရသည့်

အကြောင်းမှာ လက်ဝဲနေရာအမတ် ခြောက်ကျိပ်က

ခြောက်ယောက်၊ လက်ျာနေရာအမတ် ခြောက်ကျိပ်က

ခြောက်ယောက် ရွေးချယ်ပြီးလျှင် တတပ်တယောက်စီ

အမှူးခန့်၍ လက်ျာနေရာက အမတ်တပ်မှူးခြောက်ယောံ

နှင့် ခြောက်တပ်ကို ရှေ့ခြောက်တပ် ခင်းကျင်းလိုက်ရ

သည်။ လက်ဝဲနေရာက အမတ်တပ်မှူးခြောက်ယောက်

နှင့် ခြောက်တပ်ကို နောက်ခြောက်တပ် ခင်းကျင်းလိုက်ရ

သည်။ "လက်ျာတပ်နှင့် ရှေ့တပ်ပင့်ချီ လက်ဝဲတပ်နှင့်

နောက်တပ်ပင့်လိုက်" သေနင်္ဂဗျူဟာတွင် ဆိုသည်အ

တိုင်း ညီလေသည်။ နေရာတွင်လည်း မြင်းမိုရ်နေရာ၊

ပြင်နေရာ နှစ်နည်းသာ ရှိသည်။ တောင်ငူ ကေတုမတီ

မြို့တည် မဟာသီရိဇေယသူရ တပင်ရွှေထီးမင်းတို့လက်

ထက် နေရာထောင်ချထား၍ မှူးမတ်တို့ ခစားရသည်။

ရာမညတိုင်းမင်းတို့မှာလည်း နေရာထောင်ချထား၍ ခ

စားရသည်။ နေရာထောင်မှာ ရာမညတိုင်းမင်းတို့ အသုံး

အဆောင်ဖြစ်သည်။ နေရာပြင်မှာ မြန်မာမင်းတို့ အသုံး

အဆောင်ဖြစ်သည်။ ဟံသာဝတီ ဆင်ဖြူများရှင်သည် ယိုးဒ

ယားကပြန်ရောက်လျှင် မှူးတော်မတ်တော်တို့ကို နေရာထောင်

ချထား၍ ခစားစေသည်ဆိုသည့် နေရာသည် မြင်းမိုရ်