Page:ရွှေဘုံနိဒါန်း.pdf/36

From Wikisource
Jump to navigation Jump to search
This page has been proofread.

လက်ဝဲခြောက်ဆယ်၊ လက်ျာခြောက်ဆယ် နေရာချ

ထားသည်။ မဇ္ဈိမဒေသက အကြောင်းကို စွဲသဖြင့် လက်

ဝဲလက်ျာ နေရာငါးသွယ် ချနေစေသည်မှာ နေရာတ

သွယ်လျှင် ၁၂ ယောက်ဖြစ်၍ ခြောက်ဆယ်စီ

ဖြစ်လေသည်။

(၂၈) ငါးသွယ်ကို တော် ဒူး စနည်း ဘဝေါ

ခေါ်သည်မှ ာရာမညတိုင်းသားတို့ ဘာသာဖြစ်သည်။ မြန်

မာဘာသာပြန်လျှင် တော်ဆိုသည်မှာ ကွန်းစင် ဆိုသည်။

ဒူးဆိုသည်မှာ သေဉ်မ ဆိုလိုသည်။ စနည်းဆိုသည်မှာ

သေဉ်ရံ ဆိုလိုသည်။ ဘဝေါဆိုသည်မှာ သေဉ်ထွေး ဆိုသည်။

အတွင်းဘဝေါ၊ အပြင်ဘဝေါဖြစ်၍ ငါးသွယ်ရှိလေ

သည်။ သို့ဖြစ်၍လည်း ပညာရှိတို့ စပ်ဆိုသည်မှာ "အ

မတ်ကြီးဟု သီးသီးကျော်ထင် တော်ဟုတွင်သား ကွန်း

စင်လုံးညီ ရွှေတိုင်မှီလျက် နောံပြီနောံတည် ဒူးစနည်က

နှစ်မည်ဘဝေါ နတ်လောတွေးဘွယ် မတ်ငါးသွယ်နှင့်"

ဟူ၍ စပ်ဆိုလေသည်။ ကွန်းစင်လက်ပြင်နေရာသည်

ထီးဆောင်းစော်ဘွားတို့ တူသားမြေးကို ချထားသည်။

ထိုနေရာလက်ပြင်ကို စော်ဘွားတို့ဆွေမျိုး မြို့စားတို့ကို ချ

ထားသည်။ ရှေးစာဟောင်းများတွင်လည်း "တင့်

တယ်ရောင်ဆင်း ထီးဆောင်းမင်းတို့ ရင်တွင်းမြတ်လေး

ဆွေသားမြေးကို ယဉ်ကျေးအောင်လျှင် ရွှေကွန်းစင်

ဝယ် စီဆင်ခင်းကျင်း လက်တွင်းသွင်းမှ ထိုမင်းထို