Page:ရွှေဘုံနိဒါန်း.pdf/31

From Wikisource
Jump to navigation Jump to search
This page has been proofread.

ဆိုသည်။ တမွတ်မှာ ရှေးစကားဟောင်း ဖြစ်သည်။

ကြီးသည် မြတ်သည်ကို တမွတ် ဆိုသည်။ ရှေးစာများတွင်

"တမွတ်ရတနာ" ဟူ၍၎င်း၊ "လူတို့တမွတ် မင်းများ

ထွတ်လျှင်" ဟူ၍၎င်း၊ "မယိုင်မညွတ် ခေါင်တမွတ်သို့" ဟူ၍

၎င်း၊ "အာဏာလွှံ့ပတ် ညီတော်လတ်ကို တမွတ်ဘုန်းသန့်

နှင်း၍ဖြန့်ရှင့်" ဟူ၍၎င်း၊ "ကျော်ရှိန်မပြတ် အနာဂတ်၌ တ

မွတ်တော်ထား" ဟူ၍၎င်း စပ်ဆိုသည်များကိုထောက်၍

သိရသည်။ ယာဉ်ထီးမှာ ဧကရာဇ်မင်းမြတ်တို့ဝယ်

ဆင်ယာဉ် ရထားယာဉ် လှေယာဉ် သုံးပါး၌ ထီး

ဆောက်သည်ဖြစ်၍ ယာဉ်တွင်ဆောက်သည့်ထီးကို

ယာဉ်ထီး ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဧကရာဇ်မင်းမြတ်တို့

သည် ကနကဒဏ်ရိပ်ကို မပြတ်ခိုရာ၏ ဆိုသည်အတိုင်း

ဥကင်မုတ်ထွက်အနီး၌ ကနကဒဏ်ထီးကို လက်ရင်းထား

လေသည်။

(၂၀) နန်းမနန်းဦး၌ ထီးကို မပြတ်ဆောက်လျက် ထီး

ရိပ်တွင် ဧကရာဇ်မင်းမြတ်တို့ စံပယ်ပသနေကြောင်းကို

လည်း ပညာရှိတို့ စပ်ဆိုသည်မှာ "ထီးဖြူအောက်၌ တောံ

သားမီးနှယ် လျှပ်စစ်နွယ်သို့ စလွယ်သင်းကျစ် ဦးရစ်ရွှေ

ပေါင်း နတ်ရုပ်ဆောင်းလျက်" ဟူ၍ စပ်ဆိုသည်ကို

ထောက်သဖြင့် သိရသည်။ အင်းဝမင်း နရပတိကို အ

မှတ်မဲ့လုပ်ကြံသည်တွင် ထီးရိုးကို ထားချက်ကျ၍ မင်းနရ

ပတိကို ထီးဖြူအုပ်မိသည်။ ငသောကြာနှင့် ရေနံသာစား

တို့ ထွေးလုံးကြသည် ဆိုသည့်စကားကို ထောက်၍လည်း