Page:ရွှေဘုံနိဒါန်း.pdf/32

From Wikisource
Jump to navigation Jump to search
This page has been proofread.

ထီးဖြူအောက်တွင် မပြတ်စံပယ်ကြောင်းကို သိရသည်။

ဖြူစောထီးမင်းမှာလည်း ထီးအများကို မဆို၊ လုံးပတ် သုံး

ထွာ၊ သန္တာအရိုး၊ ကိုးတောင်နှစ်မိုက်၊ အထွတ်ပတ္တမြား

တပ်သော ထီးတစင်းကိုသာ ဆိုသည်ကို ထောက်လျှင်

နန်းဦး၌ မပြတ်အရိပ်ခိုသည် ယူရန်ရှိသည်။ ရှေးဟောင်း

များတွင်လည်း "ရွှေပြည်ရိမဒ် ဘူမိထွတ်ဝယ် ကြာ

ဝတ်ဆံသာ ရိုးသန္တာတည့် သုံးထွာလုံးပတ် ကိုးတောင်

မြတ်ထက် ချက်ထွတ်မဏိ ထီးစံတိနှင့် သီရိပဝရ

တေဇကြီးမော ဖြူမင်းစောမှ မုနောခေါင်ချာ" ဟူ

၍ စပ်ဆိုလေသည်။

(၂၁) ယပ်မားမှာ သောဏုတ္တရမုဆိုး လုံ့လပြု

သော အန္တရာယ်ကြောင့် ဆဒ္ဒန်ဆင်မင်း၏အစွယ် ပြတ်

သည်ကာလ မြေသို့မကျရ၊ ယပ်မားဖြင့် ခံသည် ဆိုသည်။

ဗါရာဏသီမင်း၏ အဆောင်တွင်လည်း ယပ်မားရှိ

ကြောင်းကို လောကသင်္ကေတမှာ ရှိသည်ဖြစ်၍ ယပ်မား

သည် လေခပ်ရန် ယပ်ကဲ့သို့ ဖြစ်သည် ယူရမည်။

(၂၂) မြေနန်းမှာ ကမ္ဘာတည်ဦး မြေအစ ပေါ်ထွန်း

သည်ဖြစ်၍ လောင်ဘက်ပျက်ဘက် စကြဝဠာကုဋေတ

သိန်း၌ လေးကျွန်းနှင့် တမြင်းမိုရ်ရှိသည်တွင် ဘုရား

သခင် ပွင့်တော်မူရာ ဗောဓိပင် ရွှေပလ္လင်ရောက်ရာမြေ

သည် ကမ္ဘာတည်ဦးလည်း ရှေးဖျား ပေါ်ထွန်းသည်။

ကမ္ဘာပျက်သည့်ကာလလည်း နောက်မှ ပျက်သည်။ ကမ္ဘာ

တည်ဦး မြေအစပေါ်ထွန်းခြင်း၊ မဟာသမ္မတ မင်းမြှောက်