Page:ရွှေဘုံနိဒါန်း.pdf/30

From Wikisource
Jump to navigation Jump to search
This page has been proofread.

ထီးကို ပဒုမနတ်သမီးစောင့်သည်။ သမုက္ခထီးကို

သမုက္ခနတ်သမီးစောင့်သည်။ ဝိသုကြုံထီးကို ဝိသု

ကမ္မနတ်သမီးစောင့်သည်။ ကမ္ဗုထီးကို ကမ္ဗုနတ်သ

မီးစောင့်သည်။ ဥရူထီးကို ဥရူနတ်သမီးစောင့်သည်။

သမ္မုတိထီးကို သမ္မုတိနတ်သမီးစောင့်သည်။ ထိုထီး

များ၏ အရပ်အဝအတွင်း ရွှေခြူရွှေညောင် ကြယ် ပုလဲ

ဆိုင်း သန္တာဆိုင်း စိန်ဆိုင်း မြဆိုင်း ပတ္တမြားဆိုင်းမှစ

၍ ရွှေချိန်ကျောက်ဝင် လုပ်မိုးဆောင်မိုးအထားအနေ

များမှာ စာစောင်များတွင် အင်းစောက်နှင့် ဇာလျားပြ

ကာရှိပြီဖြစ်၍ အထူးမဆိုပြီ။ တေမိဇာတ်တော်ကို ထောံ

သဖြင့် ထီးကို နတ်သမီးစောင့်ကြောင်း သိရသည်။

သမ္မုတိထီးမှာ ကမ္ဘာအစ လူတို့မင်းမြှောက်၍ မင်း၏

အဖြစ်ဖြင့် သမုတ်ခြင်း၊ သုံးပါးသောအမည်ခံသဖြင့် မ

ဟာသမ္မတခတ္တိယမင်းဆောင်းသည့်ထီးဖြစ်၍ သမ္မုတိ

ထီး ခေါ်ဝေါ်သည်။ ကမ္ဘာတည်စ နေလကို အစွဲပြု၍

စန္ဒထီး သူရိယထီး သမုတ်သည်။ သမ္မုတိထီး စန္ဒထီး သူ

ရိယထီး သုံးစင်းသည် မဟာသမ္မတမင်းဆောင်းသည့်

ထီး ဆိုသည်။ကနကဒဏ်ထီးမှာ သုဒဿနစကြာမင်း

လက်ထက် ကျွန်းဦးဇမ္ဗုသပြေရွှေကို ထီးအမိုးလုပ်သဖြင့်

ကနကဒဏ် ခေါ်ဝေါ်သည် ဆိုသည်။ "ကနကဒဏ္ဍ၊ ရွှေရိုး"

ဆိုလိုသည်။ ထီးဆိုသမျှသည် ရွှေသားဗုဇွန်ခွံမွှမ်း ရွှေရိုး

လုပ်သည်တွင် ဂုဏ်ထူး၍ ပကတိရွှေသားအရိုး လုပ်လေ

သောကြောင့် ကနကဒဏ် ခေါ်ဝေါ်သမုတ်သည်လည်း