Page:ရွှေဘုံနိဒါန်း.pdf/27

From Wikisource
Jump to navigation Jump to search
This page has been proofread.

မင်းခမ်းကို လက်ျာက ကျင်းပကြောင်းကို သိရသည်။

လက်ဝဲ ၁၃ ကျင်းပဆောင်ယောင်ကြောင်းကို စပ်ဆို

သည်မှာလည်း "ဝင်းဝင်းရတနာ သိင်္ဂါရောင်လျှပ်

ဘိနပ်ရောင်ပြေး တောင်ဝှေးလှံလွှား လက်တင်ကြား

နှင့် နဂါးခံလျက် ကွမ်းခွက်ရောင်ထပ် သလပ်ရောင်

မောင်း ကွမ်းလောင်းကြီးငယ် ရောင်သွယ်ဖလား က

ရားပြောင်ပြောင် သလင်းမြောင်နှင့် လျှံရောင်သစ်တိုင်

ဆိုင်ဆိုင်ရောင်ဝှန် နှစ်ရန်မြူတာ ရတနာနှင်နှင် မျက်ရှင်

ရောင်ပုံ ဆဲ့သုံးစုံကို လျှံဟုံဝင်းဝင်း လက်ဝဲကျင်းရှင့်"

ဟူ၍ စပ်ဆိုလေသည်။ တကြောင်းလည်း "လက်ျာ

တော်က ရွှေလှေသိင်္ဂါ မျက်စီမြွာသား ရတနာသန်

လိုက် လျှံလက်လျှပ်လျှပ် သားမြီးယပ်နှင့် ထပ်ကြပ်မ

ကွာ ရတနာပန်းတောင်း ခြူးပေါင်းပုလဲ သန္တာဆွဲ

လျက် ရဲရဲရောင်တက် ကွမ်းခွက်ရှစ်ထောင့် ထို့ကြောင့်မ

ရွေ့ ခြင်္သေ့ခံလျက် ကွမ်းခွက်ရတနာ စလင်းကြာနှင့်

သိင်္ဂါရွှေမှည့် ကွမ်းထည့်ကျပ်မှ ကျပ်လျားစသား သီဟ

ခံထား ကရားတကောင်း ထိုနှောင်းမြူတာ ရေပြည့်စွာ

တည့် ထီးမှာလေးဆူ စိုက်ထူကြွားကြွား ယပ်မားချပ်

လျက် ရောက်ခြည်ရှက်သည် ပြိုးပြက်ထိန်ထိန် လင်းလင်း

တည်း" ဟု လင်္ကျာက ကျင်းပကြောင်းကို စပ်ဆိုသည်။

လက်ဝဲက ကျင်းပကြောင်းမှာလည်း "လက်ဝဲတော်က ရွှေ

လှော်လျှံဝါ မျက်စီမြွာသည် ရတနာဘိနပ် သပ်သပ်

တောင်ဝှေး ရောင်ပြေးဝိုးဝါး လက်တင်ကြာနှင့် နဂါး