Page:ရွှေဘုံနိဒါန်း.pdf/26

From Wikisource
Jump to navigation Jump to search
This page has been proofread.

ယားတိုင်း ဇင်းမယ်တိုင်း ရခိုင်တိုင်း ရာမညတိုင်းမင်း

တို့ မင်းဆောင်မင်းခမ်းများကို လက်ဝဲ ၁၃၊ လက်ျာ

၁၃ ခွဲခြား၍ ကျင်းပဆောင်ယောင်သည် ဆိုသည်။ ပုံ

နန်းကွမ်းခွက်များမှာ အိမ်ရှေ့မင်းအဆောင်၊ မိဘုရား

အဆောင်၊ ခိုနန်းကွမ်းခွက်၊ ထောင့်ချိုးကွမ်းခွက်၊ ၁၂

မြှောင့်ကွမ်းခွက်၊ ရှစ်မြှောင့်ကွမ်းခွက်များသည် ကျောံ

စီမှန်တပ် ပယင်းတပ်သာ ခြားနားကြသည်။ ရှစ်ထောင့်

ကွမ်းခွက်မှာ ရွှေသားသက်သက်လည်း ရှိသည်၊ မှန်တပ်

ပယင်းတပ်လည်း ရှိသည်။ လေးထောင့်ကွမ်းခွက်၊ အဝန်း

ကွမ်းခွက်မှာ ရွှေသားသက်သက်သာ လုပ်ဆောင်သည်။

(၁၆) လက်ဝဲလက်ျာ မင်းခမ်းတော်တို့ကို ပညာရှိ

တို့ စပ်ဆိုသည်မှာ "ရတနာရောင် ပြောင်ပြောင်လျှံ

လက် ပြိုးပြိုးပြက်လျှင် သန်လျက်ရောင်လျှပ် သားမြီးယပ်

နှင့် ဆင်ထပ်တန်ဆာ ရတနာပန်းတောင်း ရွှေကောင်းရွှေ

မြှောင့် ရှစ်ထောင့်ရောင်လျှံ ခြင်္သေ့ခံဟု မင်းစံရည်

ညက် ကွမ်းခွက်နှစ်ဆူ ညွန့်လူခိုင်မြွာ စလင့်ကြာနှင့်

ရောင်ဖြာလျှံပြည့် ကွမ်းထည့်ကွမ်းချပ် ကျပ်လည်းရောင်

လျှံ ခြင်္သေ့ခံသား ထွန်းလျှံကရား ရွှေသားတကောင်း

ရောင်မောင်းမြူတာ နှစ်စုံပါလျက် ရတနာအတိ မဏိ

ရည်သန် ဆဲ့သုံးရန်ကို ရောင်ဝှန်လင်းလင်း လင်္ကျာ

ကျင်းရှင့်" ဟူ၍ စပ်ဆိုသည်ကို ထောက်သဖြင့် သည် ၁၃