Page:ရွှေဘုံနိဒါန်း.pdf/25

From Wikisource
Jump to navigation Jump to search
This page has been proofread.

ပြူစောထီးမင်း နှိပ်နင်းလေသည်။ ထိုဗူး၏အဆင်း

အဝါ လျောက်ပတ်တင့်တယ်သည်ဖြစ်၍ ထိုဗူး၏

သဏ္ဌာန် ရွှေကိုလုပ်၍ သုံးဆောင်သည် အစဉ်စကားပြော

ဆိုရိုးရှိ၏။ ထိုဗူး၏သဏ္ဌာန်လည်း အုတ်ရိုးဘုရား

တည်ထားသည်။ ယခုတိုင် ဗူးဘုရားဟု ထင်ရှားသည်။

ပညာရှိတို့ စပ်ဆိုသည်မှာလည်း "ဘဒ္ဒမည်သာ ဤ

ကမ္ဘာတွင် ပလာပဏ္ဍ ကပ္ပုဏ္ဏဟု အစအာဒိ ပ

ညာရှိဝယ် ဗဟိသာရ ဗီဇကလို နေကျစံနတ် ပုံရည်

မှတ်၍ မွေးဓါတ်စုရေး ထည့်သန္ဓေးသည် မာန်ဝေးဘက်

လံ ခြောက်ရောင်လျှံ" ဟူ၍ ပုဂံပြည်၌ ဗူးဘုရားတည်

ကြောင်းကို စပ်ဆိုလေသည်။ အတင်တော် ဘီလူးခံမှာ

ပဉ္စဝုဓမင်းသားသည် ဘီလူးဘေးမှလွတ်၍ မင်း၏အ

ဖြစ်သို့ရောက်ခြင်းနိမိတ်ကို အကြောင်းပြုသဖြင့် ဘီလူးခံ

ထုလုပ်ဆောင်ယောင်သည် ဆိုသည်။ ရှေးရှေ့သော

မင်းတို့လက်ထက် မင်းခမ်းမင်းဆောင်ကို တရောတနှော

တည်း ကျင်းပဆောင်ယောင်ဟန် ရှိသည်။ ပညာရှိတို့

စပ်ဆိုသည်မှာလည်း "သီဟာသန နေရာမထက် စံ

ပယ်လျက်လျှင် လိုက်ဘက်သင့်စွာ စလင့်ကြာတည့် ရွှေ

သားနှင်နှင် သောက်ရေတင်က ရွှေစင်ရဲရဲ တခဲရောင်

လျှံ ရွှေထွေးခံနှင့် ရွှေစံအိုးပြစ် လျှပ်စစ်မထူး ရွှေ

ဗူးကရား" ဟူ၍ စပ်ဆိုသည်ကိုထောက်သဖြင့် သိရာသည်။

ဟံသာဝတီ ဆင်ဖြူများရှင်လက်ထက်တွင်မှ ရှေးရှေးသော

မင်းတို့ နန်းစဉ်မင်းခမ်းမင်းနားနှင့် လင်းဇင်းတိုင်း ယိုးဒ