Page:ရွှေဘုံနိဒါန်း.pdf/24

From Wikisource
Jump to navigation Jump to search
This page has been proofread.

တွင် ရခိုင်ပြည်ကို မလုပ်မကြံသည်ကို ထောက်၍ ရှေးက

သစ္စာရှိသည်ဆိုသည့်စကား ညီသည် ယူရန်ရှိသည်။ ဟံ

သာဝတီ ဆင်ဖြူများရှင်သို့ ရခိုင်မင်းက သံတမန်စေရောံ

၍ အလေးအမြတ်ဆောင်ယောင်သည့် ကွမ်းထည့်ကွမ်း

ချပ်အဆောင်ကို ဆက်သည်ဆိုသည်။ တစီးရှင်လက်

ထက် ဆင်ဖြူများရှင်လက်ထက် စုရုံးမိသည်ဆိုသည့်စ

ကားနှစ်ရပ်ပင် ယုတ္တိသဘောရှိကြသည်။ ရွှေအိုးပြစ်

ရွှေမြူတာ ရွှေတကောင်းများမှာ ဗာရာဏသီမင်း၏အ

ဆောင် ဖြစ်သည်။ လောကသင်္ကတတွင် ပါပြီ။

ရွှေဖလားမှာ ကမ္ဘာပေါ်စတည်စ နေပေါ်သည်။ နေ

နောက် လပေါ်သည်ကို အစွဲပြု၍ နေလ၏သဏ္ဌာန်လုပ်၍

မဟာသမ္မတမင်း သုံးဆောင်သည်ဆိုသည်။ ရွှေကရား

မှာ မင်းတို့ အစဉ်သုံးဆောင်ရာဖြစ်သည် ယူရန်ရှိသည်။

အကြောင်းကိုထောက်လျှင် နန္ဒရာဇ်မင်းသား ဥယျာဉ်

ကျောက်ဖျာပေါ်တွင် တကိုယ်တည်းတည်နေသည့်ကာ

လ ရထားဆိုက်ရောံလျှင် မင်းဝတ်မင်းစားကို မှူးမတ်

တို့ကပြသည့် အဝတ်တန်ဆာကို မဆင်၊ မှူးမတ်တို့တွင်

ပါသည့် ရွှေကရားဖြင့် ဓိဋ္ဌာန်၍ ရေသွန်းလျှင် ရှေးပြုဘူ

းသော ပုညသမ္ဘရတို့သည် အချိန်ရောက်ပြီဖြစ်၍ ပဒေ

သာပင်ပေါက်သည်။ ပဒေသာပင်က အဝတ်တန်ဆာကို

ဆင်ယင်သည်ကို ထောက်လျှင် ရွှေကရားသည် မင်းတို့

အစဉ်သုံးဆောင်မြဲဖြစ်သည် ယူရမည်။ ရွှေဗူးမှာ ပု

ဂံပြည်ဝယ် ဗူးအစရှိသော ခြောက်ပါးသောရန်တို့ကို