Page:ရွှေဘုံနိဒါန်း.pdf/23

From Wikisource
Jump to navigation Jump to search
This page has been proofread.

မြို့မှာ ဌပနာသည် မန္ဓာဂီရီ မုနိစိုးချာ ဘုန်းတောံ

ဖြာသည် စန္ဒာဂိရိ လျှံညိစကြာ ထိန်ဝင်းဝါသည်

ရတနာဂိရိ ခေါင်ထိသစ္စာ သိထွေလာသည် နန္ဒာ

ဂိရိ မုနိရုပ်တု" ဟူ၍ စပ်ဆိုလေသည်။

ယွန်းမင်း ဂျွမ်းမင်း ရခိုင်မင်း လင်းဇင်းမင်းတို့

လည်း မဟာမိတ်ပြု၍ မင်းဆောင်မင်းခမ်းကို ပင်းယ

မင်းအား ဆက်ခဲ့ကြသည်။ ပင်းယမင်းကလည်း ပဏ္ဏာ

လက်ဆောင်အများ မင်းလေးပါးကိုဆက်၍ နေပြည်သို့

ပြန်ကြသည်။ ဟရိဘုဉ္ဇတိုင်းကို အစိုးရသော ဇင်းမယ်

မင်း၊ အယုဇ္ဈတိုင်းကို အစိုးရသော ဂျွမ်းမင်း၊ ၁၂ ကျွန်း

ကို အစိုးရသော ရခိုင်မင်း၊ လဝရဋ္ဌတိုင်းကို အစိုးရသော

လင်းဇင်းမင်းတို့ အဆောင် သစ်တိုင် လက်တင်ကြာ

ကွမ်းချပ် သလင်းမြောင် အဆောင်များသည် တစီးရှင်

လက်ထက် စုရုံးမိသည်ဆိုသည်။ အချို့လည်း ဟံသာ

ဝတီ ဆင်ဖြူများရှင်သည် ဇင်းမယ် ယိုးဒယား လင်းဇင်း

ပြည်ကို လုပ်ကြံအောင်မြင်သည်တွင် ထိုမင်းတို့၏ အ

ဆောင်အယောင်ကို ကျင်းပဆောင်ရွက်သည်။ ရခိုင်

မင်းမှာမူကား တပင်ရွှေထီးလက်ထက် ရခိုင်ပြည်သို့ ချီ

ရောက်သည့်ကာလ၊ ရခိုင်ပြည်သို့ဝင်ရ၍ ရခိုင်မင်းနှင့် ဘု

ရင့်နောင်ကျော်ထင်နော်ရထာ စကားပြောဟောကြ

သည်တွင် မိတ်သဟာယဖြစ်သည် သစ္စာရှိကြသည်

လည်း ဆိုသည်။ တပင်ရွှေထီးမရှိသည့်နောက် ဘုရင့်

နောင်ကျော်ထင်နော်ရထာ မင်းဖြစ်၍ တိုင်းနိုင်ငံချဲ့သည်