Page:ရွှေဘုံနိဒါန်း.pdf/28

From Wikisource
Jump to navigation Jump to search
This page has been proofread.

ကွမ်းခွက် စဉ်လျက်ကလပ် လျှပ်လျှပ်ဝင်းဝါ မကွာတ

သီး ကွမ်းလောင်းကြီးက အပြီးဆိုဘွယ် ကွမ်းလောင်း

ငယ်နှင့် တင့်တယ်လှစွာ ရတနာဖလား ကရေားထို့နောင်

သလင်းမြောင်ဟု လျှံရောင်ရတနာ သစ်တိုင်ပါ၍ မြူ

တာရေချမ်း ပြည့်ဖြိုးလျှမ်းသည် မင်းခမ်းမည်သား ထီး

လေးပါးနှင့် အကြားအကြား ယပ်မားချပ်လျက် စဉ်

ဆက်စုံညီ ဆဲ့သုံးစီတည့် နှစ်လီပေါင်းမြောက် နှစ်ဆဲ့

ခြောက်လျှင် အံ့လောက်ထူးဆန်း ရှေ့တော်ထွန်းသည်

ရောင်ရွှန်းပြောင်ပြောင် ဝင်းဝင်းတည်း" ဟူ၍ စပ်ဆို

လေသည်။

(၁၇) ကရဝိက်ရုပ်ကွမ်းအုပ်တော်မှာ သိရိဓမ္မာ

သောကမင်းလက်ထက် နန်းတော်၌ ကရဝိတ်ငှက် ကျူး

ရင့်သည့်အသံကို အသန္ဓိမိတ္တာမိဘုရား ကြားလေ

လျှင် သာယာလှသည်ဖြစ်၍ ဘုရားရှင့်အသံတော်သည်

ကရဝိက်ငှက်အသံနှင့် နှိုင်းခိုင်းသည်ကို ထောံလျှင် ငှက်

အသံကိုမျှလည်း နာပျော်ဘွယ်ရှိသည်၊ ဘုရားသခင့်အသံ

တော်ကား အဘယ်ဆိုဘွယ်ရှိအံ့နည်း နှလုံးထားသဖြင့်

ပီတိဖရဏါစေတနါကြောင့် အသန္ဓိမိတ္တါမိဘုရားသည်

သောတာပန် တည်လေသည်။ ငှက်အသံကိုမျှ ပီတိတက်

ဘူးသည်ကို ရည်၍ ပညာရှိတို့ စပ်ဆိုသည်မှာ "သဒ္ဒ

မြည်ကျာ ငှက်သံသာမျှ ဗျာပါလွှင့်ကြဉ် ရန်ကိုဖျဉ်၍

ဝိညာဉ်အထူး တက်စေဘူးသည်" ဟု စပ်ဆိုလေသည်။

ငှက်နိမိတ်ကို အကြောင်းပြုသဖြင့် ကရဝိက်ငှက်