Page:ရွှေဘုံနိဒါန်း.pdf/19

From Wikisource
Jump to navigation Jump to search
This page has been proofread.

ဆောင်ရာ၌ ထုလုပ်ရေးသားသည်။ရှေးစာဟောင်းတွင်

လည်း "မင်းတို့အစဉ် ဆံလျဉ်မျက်မြွာ ကုဏ္ဍလာဟု

ခြူးကြာပြောက်ကွင်း" ဟူ၍၎င်း၊ "ခြူးစိပ်စိန်ခက် ဝန်း

ရှက်ကြာညောင် လရောင်ပြက်ကာ" ဟူ၍၎င်း စပ်ဆို

လေသည်။

(၁၃) ရာဇပလ္လင်ဥကင် လက်ဝဲလက်ျာ ခြူးနွယ်

အလယ် တပင်တခက်တွင် တပွင့်တပွင့်စီသာ ကြဲလျက်

ပါသော ဦးဆောက်ပန်း ထုလုပ်သည်မှာ မင်္ဂလာပန်းဖြစ်၍

မင်းတို့စီးသည့် မြင်းရထားဦးတွင် ဦးဆောက်ပန်

သဏ္ဌာန် စိုက်ဆောက်သည်။ စက်တော်တွင် ပါသည်ဖြစ်

၍ "ဝဋံသောစ၊ ဦးဆောက်ပန်း" ပါဠိရှိသည်။ ပါဒနက်

သန်လင်္ကာတွင်လည်း "လည်ရေးသုံးဆင့် လှတင့်ရွှန်း

ရွှန်း ဦးဆောက်ပန်းက စသည်မကွဲ" ဟူ၍ စပ်ဆိုလေ

သည်။ ရှေးဖြစ်ဟောင်း အကြောင်းနိမိတ် ယုတ္တိယှဉ်

ရာ သဘောသကန်ကို ထောက်ထားဆင်ခြင်၍ ဥကင်ရာ

ဇပလ္လင်တော်တွင် ထုလုပ်သမျှကို ကြည့်ရှုမှတ်သားရာ

သည်။

(၁၄) မဟာဂိရိနတ် ဖြစ်ရင်းအကြောင်းမှာ ရာဇ

ဝင်ပါပြီးဖြစ်၍ အထူးမဆိုပြီ။ သေဉ်လည်ကြောင်မင်း

လက်ထက် ပုဂံသို့ရောက်လျှင် မင်းနှင့် စကားပြောဆို

သည်ဖြစ်၍ နန်းတော်တွင် နတ်ကွန်းထားသည်ကို အ

ကြောင်းပြုသဖြင့် ရွှေထီးရွှေနန်းအဆက်ဆက် နန်းဦးအ

ဆောင်တွင် မဟာဂိရိနတ်ကွန်း ထားလေသည်။ ရှေးစာ