Page:ရွှေဘုံနိဒါန်း.pdf/20

From Wikisource
Jump to navigation Jump to search
This page has been proofread.

ဟောင်းများတွင်လည်း "သေဉ်လည်ကြောင်နှင့် ဖေါင်

ဖေါင်ရယ်မော စကားပြောရှင့်" ဟူ၍ စပ်ဆိုလေသည်။

(၁၅) သီဟာသနနေရာသည် ခြင်္သေ့ခံသောနေရာ

ဆိုသည်။ မင်းမြှောက်တန်ဆာငါးပါးမှာ ကျမ်းဂန်ပါဠိ

ရှိသည်ဖြစ်၍ အထူးမကြံသာပြီ။ ရတနာပန်းတောင်းမှာ

ဘုရားသခင် မွေးတော်ဓါတ်တော်တို့ကို ရတနာပန်း

တောင်း၌ စုရုံးကျိန်းဝပ်စေ၍ အဇာတသတ်မင်း စေတီ

ကြီးစွာ တည်သည်။ ဘူတာဝါဟန ယန္တရားစက်ရထား

သည် နော်ရထာမင်းစော ဇေယခုံစေတီကို တည်သည့်

ကာလ၊ မွေးတော် ဓါတ်တော် ညှပ်ရိုးတော်တို့ကို

ရတနာပန်းတောင်း၌ထည့်၍ ဌာပနာသည်။ တရုပ်

ပြည်မှာ စွယ်တော်ပွားကို နော်ရထာမင်းစော ရတနာ

ပန်းတောင်းဖြင့် ခံသည်။ အလောင်းစည်သူမင်းလည်း ရ

တနာပန်းတောင်း၌ ကျောက်ကိုးပါးဖြင့်ထည့်၍ ပူဇော်

ကန်တော့ပြီးလျှင် စကားကိုးပိုင်း၊ သရက္ခန်ငါးဆူ၊ ဘုရား

သခင်ရုပ်တု ကျိန်းဝပ်တော်မူလိုရာ နိမိတ်ထင်စေသော

ဟု ဓိဋ္ဌာန်သစ္စာပြုသည် ဆိုသည်များကိုထောက်လျှင် ရ

တနာပန်းတောင်းသည် မင်းတို့ အစဉ်သုံးဆောင်ရာ၊ အ

ရိုအသေပြုရာ၊ သစ္စာဓိဋ္ဌာန်ပြု၍ ဆုပန်တောင်းသည်များကို

ထောက်၍ သိရာသည်။ စလင့်ကြာမှာ ပဋိက္ကယားမင်းအ

ဆောင်ကို နော်ရထာမင်းစောအား ဆက်သည်ဆိုသည်။

ထွေးခံ ထွေးအင်မှာ ရှေးရှေးသောမင်းတို့လက်ထက်

လည်း ရှိရာသည်ပင် ယူရန်ရှိသော်လည်း မထင်မပေါ်။