Page:ရွှေဘုံနိဒါန်း.pdf/18

From Wikisource
Jump to navigation Jump to search
This page has been proofread.

နိမိတ်ကို ထောက်သဖြင့် ကိန္နရာဟန် ထုလုပ်သည်။

(၁၁) ရာဇပလ္လင် လက်ဝဲလက်ျာ ဆင်နားဇာ

ပေါက် ထုလုပ်သည့်အကြောင်းမှာ ကာလဝက ဂင်္ဂေ

ယျ ပဏ္ဍရ တမ္ဗ ပိင်္ဂလ ဂန္ဓ မင်္ဂလ ဟေမ ဥပေါသထ

ကိုးမျိုးဆင်ထက် ဆဒ္ဒန်ဆင်မင်းသည် အမြတ်ဖြစ်၍ ဆဒ္ဒန်

ဆင်မင်း၏ နားရွက်နှင့် သဏ္ဌာန်တူစွာ ထုလုပ်လေသည်။ ဇာ

ပေါက်မှာ ဇလသည် မာဂဓစကားဖြစ်သည်။ မြန်မာပြန်

လျှင် ထွန်းပသည်ဆိုသည်ကို ထောက်လျှင် ထိုအပေါက်

သည် ထွန်းပခြင်းရှိသည့်အပေါက် ဆိုလိုသည်။ ရွှေဇာငွေ

ဇာ ခေါ်ဝေါ်သည်မှာလည်း အထည်အလိပ် အကွက်အ

ကန့်တို့သည် အရောင်အဝါရှိသည်ကို ထောက်၍ ခေါ်ဝေါ်

သည်ပင် ဖြစ်၏။ ကျည်းကုလားတို့ဘာသာ ဇာ ခေါ်၍ ကျည်း

ကုလားတို့စကားလည်း မာဂဓစကားပင် ဖြစ်သည်။

(၁၂) ရာဇပလ္လင်ဥကင် လက်ဝဲလက်ျာ ခြူးပန်းခြူး

နွယ် ထုလုပ်သည့်အကြောင်းမှာ ခြူးသူကို ဘီလူးတို့

ကြောက်ရွံ့သည်။ ခြူးသူ အဝတ်တန်ဆာလည်း အခွေ

အဝိုက် အညွန့်အနွယ်ဖြစ်သည် ယူရန်ရှိသည်။ တင့်

တယ်ဘွယ်ရာသည်ဖြစ်၍ သင်္ခပတ္တမင်းသားသည် ခြူးသူ

တန်ဆာကို ဆင်ဝတ်သည်။ ဘီလူးတို့ ကြောက်ရွံ့သည်ကို

နိမိတ်ပြုသဖြင့် သမုဒ္ဒရာပင်လယ်ကို ကူးသွားရသော သင်း

ဘောဦး၌ ခြူးသူခြူးရုပ် ထုလုပ်လေသည်။ ခြူးသူ၏

အဝတ်အဆင်တန်ဆာကို ထောက်၍ ခြူးပန်းခြူးနွယ်

ကို သိရသည်။ ခြူးပန်းခြူးနွယ်ကိုလည်း မင်းတို့ သုံး