Page:ရွှေဘုံနိဒါန်း.pdf/17

From Wikisource
Jump to navigation Jump to search
This page has been proofread.

စောင့်ရှောက်ဟန် ဖြစ်သည်။ သိကြားနတ် နှိမ်ကြို့ရာသော

အကြောင်းတွင်လည်း "သစ္စာစကား တော်မှန်ငြားက သိ

ကြားသော်မှ ဦးဖြင့်လျှို့၏" ဟု စပ်ဆိုသည်ကို ထောက်၍

သိရာသည်။

(၉) ရာဇပလ္လင်ဥကင် လက်ဝဲလက်ျာ ဒေါင်းမြီးယပ်

ထည့်သည်မှာ ဟိမဝန္တာ ဂန္ဓမာဒန အစရှိသော တောင်၌

မွေ့လျော်သော ဥဒေါင်းငှက်သည် အမြီးသာ တင့်တယ်

ခြင်းဖြစ်သည်။ ဥဒေါင်းမင်းကို မင်းခြောက်ဆက်လက်

ထက် ညွှတ်ဖြင့် ထောင်သော်လည်း သစ္စာအာနုဘော်

ကြောင့် မဘမ်းမမိမရ။ ဘေးအန္တရာယ် ကင်းသည်။ မောရ

သုတ်တွင်လည်း "စိရဿံ၊ ကြာမြင့်စွာ။ ဝါယမန္တာပိ၊ လုံ့လ

ပြုကုန်သော်လည်း။ ဂဏှိတုံ၊ ဖမ်းအံ့သောငှါ၊ နေဝ

သက္ခိသု၊ မတတ်နိုင်ကုန်" ပါဠိရှိသည်ဖြစ်၍ ပညာရှိတို့ စပ်

ဆိုသည်မှာ "လိုဏ်ဝပျော်ညောင်း ဘော်မပေါင်းသား

ဥဒေါင်းရွှေဝါ နှစ်ခြောက်ရာတိ အာလယစက်" ဟူ၍ ဆို

လေသည်။ ရှေးနိမိတ်ကို အစွဲပြုသဖြင့် "သီရိမောရနင်္ဂုဋ္ဌ၊ အ

သရေရှိသော ဥဒေါင်းမြီးယပ် ထုလုပ်လေသည်။

(၁၀) ရာဇပလ္လင်ဥကင် လက်ဝဲလက်ျာ ကိန္နရာက

ဟန် ထုလုပ်သည့်အကြောင်းမှာ ကိန္နရာတို့သည် နူးညံ့

သောအမူအရာ ပန်းဝတ်ဆံကိုသာ စားလေ့ရှိသည်။ ငါး

ပါးသော အဆင်းအင်္ဂါနှင့် ပြည့်စုံသည်။ ဘုရားပွင့်တော်မူ

သည့်နေ့ ဝမ်းမြောက်ဝမ်းသာ ကခုန်မြူးတူးခြင်း ပြုလေ

သည်။ ဘိသိက်ခံရာ ဥကင်မုတ်တံခါး ဘွင့်ရာဖြစ်၍ ရှေး