Page:ရွှေဘုံနိဒါန်း.pdf/16

From Wikisource
Jump to navigation Jump to search
This page has been proofread.

ကြောင်း၊ တရာ့ရှစ်ကွက် စက်လက္ခဏာတော်၌လည်း တံ

ခါးတိုင်ပါသည် တကြောင်းကြောင့် ထားသည်။ တော

ရဏံ၊ တံခါးတိုင် ဟူ၍ ပါဠိ ရှိသည်။ ပါဒနက်သနလင်္ကာ

တွင်လည်း "ရောင်မောင်းပြာသာဒ် အထွတ်မြင့်ခိုင် တံခါး

တိုင်နှင့်" ဟူ၍၎င်း စပ်ဆိုလေသည်။

(၇) ရာဇပလ္လင်ဥကင် လက်ဝဲလက်ျာ လော

ကနတ် ဆင်ပျံ ခြင်္သေ့ ထုလုပ်သည့်အကြောင်းမှာ

အကြောင်းလေးပါးတွင် တပါးပါးကြောင့် ရတနာရွှေဂူ

မှ ကေသရာခြင်္သေ့မင်း ထွက်လေလျှင် ကောင်းကင်ပျံ

ဆင်နှင့် တွေ့၍ အစာဖြစ်သော တိမ်ညွန့်ကြောင့် ခိုက်ရန်

ဖြစ်သဖြင့် ဆင်ပျံဦးကင်းကို ခြင်္သေ့နင်းလျက် နှာ

မောင်းကို စုတ်သည်တွင် လောကနတ်သည် ရန်နှစ်ဦးကို

မြင်၍ ခြေတွင် စည်းဆုပ်တီးလျက် သီချင်းသီ၍ ကခုန်ရွှင်

မြူးသော အသံသည် သာယာလှသည်ကို နာခံကြ၍ ဆင်ပျံ

ခြင်္သေ့ နှစ်ဦး ရန်ငြိမ်းကြလေသည့် နိမိတ်ကိုထောက်၍

လောကနတ်ခြေတွင် စည်းဆုပ်နှင့် ကဟန်၊ ဆင်ပျံဦးကင်း

ကို ခြင်္သေ့နင်း၍ နှာမောင်းကို စုတ်ဟန် ထုလုပ်လေသည်။

(၈) ရာဇလ္လင်ဥကင် လက်ဝဲလက်ျာ ပဒုမကြာ

ပွင့်ခံ၍ သားမြီးယပ်စွဲလျက် လက်ဝဲ ၁၆ ရုပ်၊ လက်ျာ ၁၆

ရုပ်၊ ပေါင်း ၃၂ သိကြားရုပ် ထုလုပ်သည့်အကြောင်း

မှာ ဧကရာဇ်မင်းမြတ်တို့ တုရင်ဗိမာန်တွင် သိကြားရုပ်

တစ်နှင့် သုံးကျိပ်သုံးယောက်သော သိကြားတို့ ပတ်လည်