Page:ရွှေဘုံနိဒါန်း.pdf/15

From Wikisource
Jump to navigation Jump to search
This page has been proofread.

စပ်ဆိုသည်မှာ "ရတနာဂူ နန်းမဉ္ဇူက ထွက်ပြူကွန့်ထူး

သံရှင်ကျူး၍ ရွှင်မြူးထွေးသာ ပျော်ရာရာ၌ ဘယ်ညာ

ကြွားကြွား ကြုံးသံလွှားသော် နွားလားတထွန် လျင်

သန်မြန်၏" ဟူ၍၎င်း၊ "တိုင်းမှန်သန်တောင် ထောင်လည်း

မက ကောင်းကင်ဝသို့ ခုန်ထမြောက်စွာ" ဟူ၍၎င်း၊ "မြေ

ညီမှာမူ လေးရာတာထောက် စွန်းစွန်းရောက်လျက်" ဟူ

၍၎င်း၊ "ကုန်းမြင့်ထက်မှာ ဆင်းသက်စုတ်စုတ် ပြေးအား

ထုတ်သော် ဂါဝုတ်တိုင်အောင် ဆောင်သားဇဝန

စွမ်းထာမဖြင့်" ဟူ၍၎င်း၊ "ပေါက်ပြသုံးခါ ဟောက်

ကြားရာသို့ လိုက်နာမှီလျှင်း ခြင်္သေ့မင်းလျှင် ရန်ခွင်း

တောလုံး စိုးသောထုံးသို့" ဟူ၍၎င်း စပ်ဆိုလေသည်။

တကြောင်းလည်း "တောင်မြင်းသီလာ နေရာဂူထဲ

ကျိန်းပြီးရဲမှ ထွက်မြဲဘာသာ အခါလေးပါး ကြုံလာ

ငြားမူ ရွှေဂူဝ၌ သုံးယူဇနာ ရပ်ရာကြားလောက် မြည်

သံဟောက်၍" ဟူ၍၎င်း၊ "ခြိမ်းချောက်လန့်ကြား

တောဝယ်သားကို ဖမ်းစားမြည်ရုတ် သွေးသံတုတ်၍

တဖြုတ်မညံ ပဲ့တင်သံဖြင့် ခုန်ပျံနားဝဲ နေရာမြဲသို့ မစဲမိ

ခင် ရောက်လာလျင်လျက် စွမ်းအင်ထကြွ တတ်အား

လှသည် သီဟရာဇာ ကေသရာဟု" ဟူ၍၎င်း စပ်ဆိုသည်

များကို ထောက်သဖြင့် ကေသရာခြင်္သေ့မင်းဂုဏ်ကို သိ

ရသည်။

(၆) ရာဇပလ္လင် ဥကင်မုတ်ထွတ် လက်ဝဲလက်ျာ တံခါး

တိုင် တည်ထားသည်မှာ ဥကင်မုတ်တံခါးဦးရှိသည် တ