Page:ရွှေဘုံနိဒါန်း.pdf/14

From Wikisource
Jump to navigation Jump to search
This page has been proofread.

ပယ်စေတတ်သည်။ နဝရတ်ကိုးပါးကို ချီးမွမ်းလို

သည်ဖြစ်၍ ဗေဒင်ကျမ်း ဟိတကာရီလင်္ကာတွင် "ပတ္တမြား

စိန်ခဲ ပုလဲသန္တာ ဂေါ်မိတ်ဖြာသား နီလာကြောင်

ဟုတ် ဥဿဖယား မြကိုးပါးတွင် ပတ္တမြားလယ်ချက်"

ဟူ၍၎င်း၊ တနည်းလည်း "သန္တာဒိတျ စန္ဒကားစိန် မူး

ချိန်ပြည့်ခဲ ပုလဲဘောမ ဗုဒ္ဓကြောင်မှာ သောရာဂေါ်

မိတ် လျှံဘိတ်တောက်ပ ဂုရုမြနှင့် ဥဿဖယား ရာဟု

ထားမှ ထူးခြားရောင်ဝါ နီလာသောကြ ထွန်းပချက်ဗွေ

လျှံဝေပတ္တမြား ထွတ်ဖျားကေတု မှန်ကင်းပြု၍" ဟူ၍၎င်း၊

နဝရတ်ကျောက် အကျိုးကိုလည်း "ကြီးထွေရောဂါ ဖျား

နာကင်းဝေး ရန်ဘေးမလာ တရာသက်လွန် နေရမှန်

သည် ကျမ်းဂန်ဤသို့ လာသတည်း" ဟူ၍ စပ်ဆိုလေ

သည်။ မဏိဇောတိရသ်ကျောံမြတ်ရတနာသည် လိုရာ

ဆန္ဒကို ပြည့်စုံစေနိုင်သည်။ "ဣစ္ဆိတံ တ္ထိပတံတုယှံ ခိပ္ပ

မေဝ သမိဇ္ဈတု။ သဗ္ဗေ ပုရေန္တုသင်္ကပ္ပါ။ မဏိဇောတိရ

သောယထာ။ ယံ ယံ ဝရံပတ္ထေတွာန။ ပုညံ ပရိပုရေန္တု"

ကျမ်းဂန်ရှိသည်ကို ထောက်၍ သိရာသည်။

(၅) ရာဇပလ္လင်အောက်ခုံတွင် ကေသရာခြင်္သေ့ရုပ်

ထားသည်မှာ မဏ္ဍု ကာဠ တိဏ ခြင်္သေ့သုံးမျိုးထက် တန်

ခိုးအာနုဘော်ကြီး၍ အရပ်ကိုးမျက်နှာကို မြူးတူးခုန်

လွှား ကြုံးဝါးလျက် ရန်ကို နှိမ်နင်းနိုင်သည့်နိမိတ်ကို

ထောက်၍ ထုလုပ်ထားလေသည်။ ကေသရာခြင်္သေ့

မင်း ကြုံးဝါးခြင်း သန်မြန်ခြင်းကိုလည်း ရှေးပညာရှိတို့