Page:ပါရာဇိကပါဠိတော်.pdf/58

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ဤရဟန်းသည် လည်းဟူသည်ကို ရှေး (မေထုန်ပါရာဇိကရဟန်း) ကို ထောက်၍ ဆိုအပ်၏။

သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ဟူသည် အညှာမှ ကြွေကျသော သစ်ရွက်သည် မစိမ်းစိုနိုင်တော့သကဲ့သို့ ဤအတူ ရဟန်းသည် တစ်မတ်ကိုသော်လည်းကောင်း၊ တစ်မတ်တန် (ဥစ္စာ) ကိုသော်လည်းကောင်း၊ တစ်မက်ထက် အပိုအလွန် (ဥစ္စာ) ကိုသော်လည်းကောင်း (ဥစ္စာရှင်သည် ကိုယ်နှုတ်ဖြင့်) မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် ယူမိသောကြောင့် ရဟန်းမဟုတ်တော့ပေ၊ သာကီဝင် မင်းသား ဘုရားအနွယ်တော် မဟုတ်တော့ပေ၊ ထို့ကြောင့် "သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏"ဟု ဆိုအပ်၏။

ရဟန်းကောင်းတို့နှင့် ပေါင်းသင်းရခြင်းမရှိဟူရာ၌ ပေါင်းသင်းခြင်းမည်သည် အတူတကွ ဝိနည်းကံပြုမှု၊ အတူတကွ ပါတိမောက်ရွတ် (ပြ) မှု၊ တူမျှသော ကျင့်ကြံနေထိုင်မှုဟူသော ဤအလုံးစုံ သည်ပေါင်းသင်းခြင်း မည်၏၊ ထိုပေါင်းသင်းခြင်းသည် ထိုရဟန်းနှင့် အတူတကွ မရှိတော့ပေ၊ ထို့ကြောင့်"ပေါင်းသင်းရခြင်းမရှိ"ဟု ဆိုအပ်၏။

ခေါင်းစဉ် မာတိကာ

၉၃။ မြေ၌ တည်သောဥစ္စာ၊ ကြည်း'ကုန်း'၌ တည်သောဥစ္စာ၊ ကောင်းကင်၌ တည်သောဥစ္စာ၊ ဟင်းလင်းပြင်၌ တည်သောဥစ္စာ၊ ရေ၌ တည်သောဥစ္စာ၊ လှေ၌ တည်သောဥစ္စာ၊ ယာဉ်၌ တည်သောဥစ္စာ၊ ဝန်အားဖြင့် တည်သောဥစ္စာ၊ အရံ၌တည်သောဥစ္စာ၊ ကျောင်း၌တည်သောဥစ္စာ၊ လယ်၌တည်သောဥစ္စာ၊ ယာ၌ တည်သော ဥစ္စာ၊ ရွာ၌ တည်သော ဥစ္စာ၊ တော၌ တည်သောဥစ္စာ၊ ရေဒန်ပူ၊ တောစိုးသစ်ပင်၊ ဆောင်ယူသောဥစ္စာ၊ အပ်နှံသောဥစ္စာ၊ ကင်းထားရာအရပ် 'အကောက်ဋ္ဌာန'၊ သတ္တဝါ၊ အခြေမရှိသောသတ္တဝါ၊ အခြေနှစ်ချောင်း ရှိသော သတ္တဝါ၊ အခြေလေးချောင်း ရှိသော သတ္တဝါ၊ အခြေများသောသတ္တဝါ၊ လက်ထောက်ချသူ၊ ဆောင်ယူလာသော ဥစ္စာကိုစောင့်သူ၊ တိုင်ပင်၍ ခိုးခြင်း၊ အချိန်းအချက်ပြုခြင်း၊ အမှတ်အသားပြုခြင်း၊ ဤကား မာတိကာတည်း။

မာတိကာ အဖွင့်

၉၄။ မြေ၌တည်သောဥစ္စာ မည်သည် မြေ၌ ချထား မြှုပ်ထား ဖုံးထားအပ်သော ဥစ္စာတည်း။

"မြေ၌တည်သောဥစ္စာကိုခိုးအံ့"ဟု ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ အဖော်ကိုသော်လည်းကောင်း၊ ပေါက်တူးကိုသော်လည်းကောင်း၊ခြင်းတောင်းကိုသော်လည်းကောင်း ရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုမြေ၌ဖြစ်သော ထင်းကိုသော်လည်းကောင်း၊ နွယ်ကိုသော်လည်းကောင်း ဖြတ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုမြေ၌ မြေမှုန့်ကို တူးမူလည်း တူးအံ့၊ ယက်မူလည်း ယက်အံ့၊ ထုတ်မူလည်းထုတ်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ (ဥစ္စာ) အိုးကို သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏၊ မိမိ၏ ခွက်ကို သွင်း၍ ငါးပဲ-ငါးပဲထက် အလွန် ထိုက်တန်သော ဥစ္စာကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ့်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

မိမိခွက်သို့ ရောက်အောင်သော်လည်း ပြုအံ့၊ လက်ဆုပ်ကိုသော်လည်း ဖြတ်အံ့၊ 'လက်ဆုပ်နှင့်သော်လည်း ကုတ်ယူအံ့'၊ ပါရာဇိကအာပတ် သင့်၏။

ချည်၌ တင်အပ်သော 'ချည်ဖြင့် သီကုံးအပ်သော' ဘဏ္ဍာကိုသော်လည်းကောင်း၊ ရွှေဆောက်လုံးကြိုး 'ရွှေဆွဲကြိုး'ကိုသော်လည်းကောင်း၊ လည်ဆွဲကြိုးကိုသော်လည်းကောင်း၊ ခါးစည်းကြိုးကိုသော်လည်းကောင်း၊ အဝတ်ပုဆိုးကိုသော်လည်းကောင်း၊ ခေါင်းပေါင်းကိုသော်လည်းကောင်း ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ အစွန်း၌ ကိုင်လျက်ကြွစေအံ့ 'မြှောက်အံ့'၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ပွတ်တိုက်လျက် ထုတ်ဆောင်အံ့၊