Page:ပါရာဇိကပါဠိတော်.pdf/59

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ထုလ္လစ္စဉ်းအာပတ်သင့်၏၊ အယုတ်ဆုံးအားဖြင့် တစ်ဆံခြည်ဖျားမျှ အိုးမျက်နှာဝမှ လွတ်စေအံ့၊ ပါရာဇိကအာပတ်သင့်၏။

ငါးပဲ-ငါးပဲထက်အလွန် ထိုက်တန်သော ထောပတ်ကိုသော်လည်းကောင်း၊ ဆီကိုသော်လည်းကောင်း၊ ပျားရည်ကိုသော်လည်းကောင်း၊ တင်လဲကိုသော်လည်းကောင်း ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ တစ်ကြိမ်တည်း သောက်အံ့၊ ပါရာဇိကအာပတ် သင့်၏၊ ထိုအရပ်၌ပင်လျှင် ခွဲမူလည်း ခွဲအံ့၊ စွန့်ပစ်မူ လည်းစွန့်ပစ်အံ့၊ မီးမူလည်း တိုက်အံ့၊ သုံးဆောင်မဖြစ် 'ပျက်စီး' အောင်မူလည်း ပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၉၅။ ကြည်း 'ကုန်း' ၌တည်သောဥစ္စာ မည်သည် ကြည်း၌ ချထားအပ်သော ဥစ္စာတည်း။ "ကြည်း၌တည်သော ဥစ္စာကိုခိုးအံ့"ဟု ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူလည်းသွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်း အာပတ်သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

၉၆။ ကောင်းကင်၌တည်သောဥစ္စာ မည်သည် ကောင်းကင်သို့ ရောက်သော ဥစ္စာတည်း။ ဥဒေါင်းသည်လည်းကောင်း၊ တိုက်ငှက် 'ယစ်ဥချိုး' သည်လည်းကောင်း၊ ခါသည်လည်းကောင်း၊ ငုံးသည်လည်းကောင်း၊ အဝတ်ပုဆိုးသည်လည်းကောင်း၊ ခေါင်းပေါင်းသည်လည်းကောင်း၊ ငွေသည်လည်းကောင်း၊ ရွှေသည်လည်းကောင်း ပြတ်၍ ကျဆဲဖြစ်၏။ "ကောင်းကင်၌ တည်သော (ယင်း) ဥစ္စာကို ခိုးအံ့"ဟုခိုးလိုသော စိတ်ရှိသည် ဖြစ်၍ အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ သွားခြင်းကို ဖြတ် 'ရပ်'အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

၉၇။ ဟင်းလင်းပြင်၌တည်သောဥစ္စာ မည်သည် ဟင်းလင်းပြင်၌ ထားသော ဥစ္စာတည်း။ ညောင်စောင်း'ခုတင်'၌သော်လည်းကောင်း၊ အင်းပျဉ် 'ခုံရှည်' ၌သော်လည်းကောင်း၊ သင်္ကန်းတန်း၌သော် လည်းကောင်း၊ သင်္ကန်းကြိုး၌သော်လည်းကောင်း၊ နံရံချိတ်၌သော်လည်းကောင်း၊ ဆင်စွယ်ကောက်၌သော် လည်းကောင်း၊ သစ်ပင်၌သော်လည်းကောင်း ဆွဲချိတ်ထားအပ်၏။ အယုတ်သဖြင့် သပိတ်ခြေ၌သော်လည်းဆွဲချိတ်ထားအပ်၏။ "ဟင်းလင်းပြင်၌ တည်သောဥစ္စာကို ခိုးအံ့"ဟု ခိုးလိုသော စိတ်ရှိသည် ဖြစ်၍အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

၉၈။ ရေ၌တည်သောဥစ္စာ မည်သည် ရေ၌ ချထားအပ်သော ဥစ္စာတည်း။ "ရေ၌တည်သော ဥစ္စာကိုခိုးအံ့"ဟု ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ အဖော်ကိုသော်လည်းရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ငုပ်မူလည်း ငုပ်အံ့၊ ပေါ်မူလည်း ပေါ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

ထိုရေ၌ ပေါက်ရောက်ဖြစ်ပေါ်သော ငါးပဲ-ငါးပဲထက်အလွန် ထိုက်တန်သော ဥပ္ပလကြာ၄ ကိုသော်လည်းကောင်း၊ ပဒုမ္မာကြာကိုသော်လည်းကောင်း၊ ပုဏ္ဍရိက်ကြာကိုသော်လည်းကောင်း၊ ကြာစွယ်ကိုသော်လည်းကောင်း၊ ငါးကိုသော်လည်းကောင်း၊ လိပ်ကိုသော်လည်းကောင်း ခိုးလိုသော စိတ်ရှိသည် ဖြစ်၍့သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိက အာပတ် သင့်၏။