Page:ပါရာဇိကပါဠိတော်.pdf/56

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ထို့နောက် ထိုရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် ဆဗ္ဗဂ္ဂီရဟန်းတို့ကို-

"ရဟန်းတို့ သင်တို့သည် ခဝါဆိပ်သို့ သွား၍ ခဝါထုပ်ကို ခိုးယူကြသည်ဟူသည်မှာ မှန်သလော"ဟုစိစစ် မေးမြန်တော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။

"(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ (သင်တို့၏ အမှုသည်) ရဟန်းတို့အား မလျော် ကန်၊ မလျောက်ပတ်၊ မသင့်တင့်၊ ရဟန်းတို့ အပြုအမူ မဟုတ်၊ မအပ်၊ မပြုသင့်။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ အဘယ့်ကြောင့် သင်တို့သည် ခဝါထုပ်ကို ခိုးယူကုန်ဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အားကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော သူတို့အား တိုး၍ ကြည်ညိုစေခြင်းငှါလည်းကောင်းမဖြစ်နိုင်ပေ၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောကျာ်းတို့ အမှန်စင်စစ် ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား မကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော အချို့သူတို့အား အကြည်ညိုပျက်စေခြင်းငှါလည်းကောင်း ဖြစ်ပေ၏"ဟု (ကဲ့ရဲ့တော်မူ၏)။

ထို့နောက် မြတ်စွာဘုရားသည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်တော်မူပြီးလျှင် ကိုယ်တိုင်ပြုစု မွေးမြူရန် ခက်ခဲခြင်း။ပ။ ဝိရီယဖြင့် အားထုတ်ခြင်းတို့၏ ဂုဏ်ကျေးဇူးကိုမိန့်တော်မူပြီးလျှင် ရဟန်းတို့အား ထိုအဖြစ်အပျက်နှင့် လျောက်ပတ် လျော်ညီသော တရားစကားကိုဟောကြားတော်မူပြီးနောက် ရဟန်းတို့ကို။ပ။ ရဟန်းတို့အား သိက္ခာပုဒ်တော်ကို ပညတ်တော်မူမည်ဟုမိန့်တော်မူ၏။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

၂။ (ခ) ၉၁။ "အကြင် ရဟန်းသည် ရွာမှလည်းကောင်း၊ တောမှလည်းကောင်း ခိုးလိုသော စိတ်အစုဖြင့်မပေးအပ်သော ဥစ္စာကို ယူငြားအံ့၊ အကြင်သို့သဘော ရှိသော မပေးအပ်သော ဥစ္စာကို ယူခြင်းကြောင့်မင်းတို့သည် ခိုးသူကို ဖမ်း၍ 'သင်သည် ခိုးသူဖြစ်၏၊ မိုက်သူဖြစ်၏၊ တွေဝေသူဖြစ်၏၊ ဝှက်တတ်သူဖြစ်၏'ဟု (ပြောဆို၍) သတ်ပုတ်မူလည်း သတ်ပုတ်ကုန်ရာ၏၊ နှောင်ဖွဲ့မူလည်း နှောင်ဖွဲ့ကုန်ရာ၏၊ နှင်ထုတ်မူလည်း နှင်ထုတ်ကုန်ရာ၏၊ ထိုသို့သဘောရှိသော မပေးအပ် သော ဥစ္စာကို ယူသောဤရဟန်းသည် လည်း သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွပေါင်းသင်းရခြင်း မရှိ" ဤသို့ (ပြကြ ကုန်လော့ဟု မိန့်တော်မူ၏)။

၂-ဒုတိယ ပါရာဇိက သိက္ခာပုဒ်အဖွင့်

၉၂။ အကြင်ဟူသည် အကြင်သို့သောသဘောရှိသော။ပ။

ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို 'ရဟန်း'ဟု အလိုရှိအပ်၏။

ရွာ မည်သည် အိမ်တစ်လုံးရှိလည်း ရွာ၊ အိမ်နှစ်လုံးရှိလည်း ရွာ၊ အိမ်သုံးလုံးရှိလည်း ရွာ၊ အိမ်လေးလုံးရှိလည်း ရွာ၊ လူရှိလည်း ရွာ၊ လူမရှိလည်း ရွာ၊ အကာအရံရှိလည်း ရွာ၊ အကာအရံမရှိလည်းရွာ၊ နွားတို့၏ နေရာကဲ့သို့ တည်နေရာလည်း၂ ရွာ၊ ကုန်သည်စု လေးလထက်အလွန် တည်နေရာကိုလည်း ရွာဟု ဆိုအပ်၏။

ရွာ၏ ဥပစာ၃ မည်သည် အကာအရံရှိသော ရွာ၏ တံခါးခုံ၌ တည်သော အားအလယ်အလတ်ရှိသောယောက်ျား၏ ခဲတစ်ကျ 'ခဲတစ်ပစ်'တည်း၊ အကာအရံမရှိသော ရွာ၏ အိမ်ဥပစာ၌ တည်သောအားအလယ် အလတ်ရှိသော ယောက်ျား၏ ခဲတစ်ကျ 'ခဲတစ်ပစ်'တည်း။