Page:ပါရာဇိကပါဠိတော်.pdf/55

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ထိုအခါ တရားသူကြီးဟောင်းဖြစ်သော အမတ်ကြီးတစ်ယောက်သည် ရဟန်းတို့ထံ ပဉ္စင်းခံပြီး၍မြတ်စွာဘုရား အနီးဝယ် ထိုင်နေလျက် ရှိ၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းအား-

"ရဟန်း အဘယ်မျှလောက်သော ဥစ္စာကို ယူခြင်းဖြင့် မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းသည် ခိုးသူကို ဖမ်း၍ နှောင်ဖွဲ့ သတ်ပုတ် နှင်ထုတ်သနည်း"ဟု မေးတော်မူ၏။

မြတ်စွာဘုရား တစ်မတ် တစ်မတ်ထိုက်တန်သော ဥစ္စာ (ကို ယူခြင်း) ဖြင့် နှောင်ဖွဲ့ သတ်ပုတ်နှင်ထုတ်ပါသည်ဘုရားဟု (လျှောက်၏)။

ထိုအခါ ရာဇဂြိုဟ်မြို့၌ ငါးပဲသည် တစ်မတ် မည်၏၊ ထို့နောက် မြတ်စွာဘုရားသည် အိုးထိန်းသည်၏သား အသျှင်ဓနိယကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့တော်မူပြီးလျှင် ကိုယ်တိုင်ပြုစု မွေးမြူရန်ခက်ခဲခြင်း။ပ။ ရဟန်းတို့ ဤသို့လျှင် သိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

၁။ ဣန္ဒဂေါပက၊ မိုးတွင်းအခါ၌ မြေမှထွက်တတ်သော ကတ္တီပါနီကဲ့သို့ အဆင်းရှိသော ပိုးကောင်အထူးတည်း။ နတ်သ္မီးကွမ်းသွေးကောင်လည်း ဟူ၏။

ပဌမပညတ်သိက္ခာပုဒ်

(က) ၈၉။ "အကြင် ရဟန်းသည် ခိုးလိုသော စိတ်အစုဖြင့် မပေးအပ်သော ဥစ္စာကို ယူငြားအံ့၊ အကြင်သို့သဘောရှိသော မပေးအပ်သော ဥစ္စာကို ယူခြင်းကြောင့် မင်းတို့သည် ခိုးသူကို ဖမ်း၍'သင်သည် ခိုးသူဖြစ်၏၊ မိုက်သူဖြစ်၏၊ တွေဝေသူ ဖြစ်၏၊ ဝှက်တတ်သူဖြစ်၏'ဟု (ပြောဆို၍) သတ်ပုတ်မူလည်း သတ်ပုတ်ကုန် ရာ၏၊ နှောင်ဖွဲ့မူလည်း နှောင်ဖွဲ့ကုန်ရာ၏၊ နှင်ထုတ်မူလည်းနှင်ထုတ်ကုန်ရာ၏၊ ထိုသို့သဘောရှိသော မပေးအပ်သော ဥစ္စာကို ယူသော ဤ ရဟန်းသည် လည်းသာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ"ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

ဒုတိယပညတ်သိက္ခာပုဒ်နှင့် သိက္ခာပုဒ်အဖွင့်

၉၀။ တစ်ရံရောအခါ ဆဗ္ဗဂ္ဂီ၁၇ဟန်းတို့သည် ခဝါဆိပ်သို့ သွား၍ ခဝါထုပ်ကို ခိုးယူကြပြီးလျှင် အရံအတွင်းသို့ ဆောင်ခဲ့၍ ခွဲဝေကုန်၏၊ ရဟန်းတို့သည်-

"ငါ့သျှင်တို့ သင်တို့သည် ဘုန်းကြီးကြပါပေသည်၊ သင်တို့အား သင်္ကန်းပေါများ ကြပါပေသည်"ဟုပြောဆိုကုန်၏။

ငါ့သျှင်တို့ ငါတို့အား အဘယ်မှာ ဘုန်းကြီးအံ့နည်း၊ ယခု ငါတို့သည် ခဝါဆိပ်သို့ သွား၍ ခဝါထုပ် ကိုခိုးခဲ့ကြပါသည်ဟု (ပြန်၍ ပြောကြကုန်၏)။

ငါ့သျှင်တို့ မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူပြီး မဟုတ်ပါလော၊ ငါ့သျှင်တို့သင်တို့သည် အဘယ့်ကြောင့် ခဝါထုပ်ကို ခိုးယူခဲ့ကြကုန်သနည်းဟု (ပြောဆိုကြကုန်၏)။

ငါ့သျှင်တို့ မြတ်စွာဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူပြီးဖြစ်သည်ကား မှန်ပါသည်၊ သို့ရာတွင်ထိုပညတ်ချက်သည် ရွာ၌သာ ဖြစ်၍ တော၌ မဟုတ်ပါဟု (ပြန်၍ ပြောကြကုန်၏)။

ငါ့သျှင်တို့ ထို (တော၌ ခိုးခြင်း) သည်လည်း ရွာ၌ ခိုးခြင်းနှင့် အတူတူပင် မဟုတ်ပါလော၊ ငါ့သျှင်တို့ (သင်တို့၏ အမှုသည်) ရဟန်းတို့အား မလျောက်ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။ ငါ့သျှင်တို့ အဘယ့်ကြောင့် သင်တို့သည် ခဝါထုပ်ကို ခိုးယူကုန်ဘိသနည်း၊ ငါ့သျှင်တို့ဤ (သင်တို့အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော သူတို့အား တိုး၍ ကြည်ညိုစေခြင်းငှါလည်းကောင်း မဖြစ်နိုင်ပေ၊ ငါ့သျှင်တို့ အမှန်စင်စစ် ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား မကြည်ညိုစေခြင်းငှါလည်းကောင်း၊ ကြည်ညိုပြီးသော အချို့သူတို့အား အကြည်ညိုပျက်စေခြင်းငှါလည်းကောင်း ဖြစ်ပေ၏ဟု (ပြောဆိုကြကုန်၏)။