Page:ပါရာဇိကပါဠိတော်.pdf/181

From Wikisource
Jump to navigation Jump to search
This page has not been proofread.

၂၇၇။ မိန်းမလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ မိန်းမသည်လည်း ရဟန်း၏ ထိုကိုယ်ကို မိမိ 'မိန်းမ'၏ ကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့၊ အောက်သို့သက်၍ သုံးသပ်အံ့၊ အထက်သို့ တက်၍ သုံးသပ်အံ့၊ အောက်သို့ ခုန်ကျော်၍ သုံးသပ်အံ့၊ အထက်သို့ခုန်ကျော်၍ သုံးသပ်အံ့၊ ရှေ့မှ ဆွဲအံ့၊ တွန်း၍ ဆွဲအံ့၊ နှိပ်အံ့၊ ညှစ်အံ့၊ ကိုင်အံ့၊ တို့ထိအံ့၊ မှီဝဲလို၍ကိုယ်ဖြင့် လုံ့လပြုအံ့၊ အတွေ့ကို ဝန်ခံအံ့၁ 'သာယာအံ့'၊ သံဃာဒိသိသ်အာပတ် သင့်၏။ပ။

မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍ တပ်မက်သောစိတ်လည်း ရှိ၏၊ မိန်းမတို့သည်လည်း ရဟန်း၏ ထိုကိုယ်ကို မိမိတို့ကိုယ်ဖြင့် ရှေးရှု သုံးသပ်ကုန်အံ့၊ ထိုမှ ဤမှ သုံးသပ်ကုန်အံ့၊ အောက်သို့ သက်၍ သုံးသပ်ကုန်အံ့၊ အထက်သို့ တက်၍ သုံးသပ်ကုန်အံ့၊ အောက်သို့ ခုန်ကျော်၍ သုံးသပ်ကုန်အံ့၊ အထက်သို့ ခုန်ကျော်၍ သုံးသပ်ကုန်အံ့၊ ရှေ့မှ ဆွဲကုန်အံ့၊ နောက်မှ ဆွဲကုန်အံ့၊ မြဲစွာ ဆွဲကိုင်ကုန်အံ့၊ ညှစ်ကုန်အံ့၊ ကိုင်ကုန်အံ့၊ တို့ထိကုန်အံ့၊ မှီဝဲလို၍ ကိုယ်ဖြင့်လုံ့လပြုအံ့၊ အတွေ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ သံဃာဒိသိသ်အာပတ် နှစ်ချက် သင့်၏။ပ။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ နှစ်ယောက်လုံးတို့သည်လည်း ရဟန်း၏ ထိုကိုယ်ကို မိမိတို့ကိုယ်ဖြင့်ရှေးရှု သုံးသပ်ကုန်အံ့၊ ထိုမှ ဤမှ သုံးသပ်ကုန်အံ့။ပ။ ကိုင်ကုန်အံ့၊ တို့ထိကုန်အံ့၊ မှီဝဲလို၍ ကိုယ်ဖြင့်လုံ့လပြုအံ့၊ အတွေ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ သံဃာဒိသိသ်နှင့် ဒုက္ကဋ်အာပတ် သင့်၏။ပ။

မိန်းမလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ မိန်းမသည်လည်းရဟန်း၏ ထိုကိုယ်နှင့်စပ်သော အရာဝတ္ထုကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်ကုန်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ မှီဝဲလို၍ ကိုယ်ဖြင့် လုံ့လပြုအံ့၊ အတွေ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ပ။

မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍ တပ်မက်သောစိတ်လည်း ရှိ၏၊ မိန်းမတို့သည်လည်း ရဟန်း၏ ထိုကိုယ်စပ်သော အရာဝတ္ထုကို မိမိတို့ကိုယ်ဖြင့်ရှေးရှု သုံးသပ်ကုန်အံ့၊ ထိုမှ ဤမှ သုံးသပ်ကုန်အံ့။ပ။ ကိုင်ကုန်အံ့၊ တို့ထိကုန်အံ့၊ မှီဝဲလို၍ ကိုယ်ဖြင့်လုံ့လ ပြုအံ့၊ အတွေ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ထုလ္လစ္စဉ်းအာပတ် နှစ်ချက် သင့်၏။ပ။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းလည်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ နှစ်ယောက်လုံးတို့ကလည်း ရဟန်း၏ ထိုကိုယ်နှင့်စပ်သော အရာဝတ္ထုကိုမိမိတို့ ကိုယ်ဖြင့် ရှေးရှု သုံးသပ်ကုန်အံ့၊ ထိုမှ ဤမှ သုံးသပ်ကုန်အံ့။ပ။ ကိုင်ကုန်အံ့၊ တို့ထိကုန်အံ့၊ မှီဝဲလို၍ ကိုယ်ဖြင့် လုံ့လပြုအံ့၊ အတွေ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ထုလ္လစ္စဉ်းနှင့် ဒုက္ကဋ် အာပတ် သင့်၏။ပ။

မိန်းမလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ မိန်းမသည်လည်းရဟန်း၏ ထိုကိုယ်ကို မိမိကိုယ်နှင့်စပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ မှီဝဲလို၍ ကိုယ်ဖြင့် လုံ့လပြုအံ့၊ အတွေ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ထုလ္လစ္စဉ်းအာပတ်သင့်၏။ပ။