Page:ပါရာဇိကပါဠိတော်.pdf/182

From Wikisource
Jump to navigation Jump to search
This page has not been proofread.

မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍ တပ်မက်သောစိတ်လည်း ရှိ၏၊ မိန်းမတို့သည်လည်း ရဟန်း၏ ထိုကိုယ်ကို မိမိတို့ကိုယ်နှင့်စပ်သော အရာဝတ္ထုဖြင့်ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်ကုန်အံ့။ပ။ ကိုင်ကုန်အံ့၊ တို့ထိကုန်အံ့၊ မှီဝဲလို၍ ကိုယ်ဖြင့် လုံ့လပြုအံ့၊ အတွေ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ထုလ္လစ္စဉ်းအာပတ် နှစ်ချက် သင့်၏။ပ။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ နှစ်ယောက်လုံးတို့ကလည်း ရဟန်း၏ ထိုကိုယ်ကို မိမိတို့ကိုယ်နှင့်စပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်ကုန်အံ့၊ ထိုမှ ဤမှ သုံးသပ်ကုန်အံ့။ပ။ ကိုင်ကုန်အံ့၊ တို့ထိကုန်အံ့၊ မှီဝဲလို၍ ကိုယ်ဖြင့် လုံ့လပြုအံ့၊ အတွေ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ထုလ္လစ္စဉ်းနှင့် ဒုက္ကဋ်အာပတ် သင့်၏။ပ။

၂၇၈။ မိန်းမလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ မိန်းမသည် လည်းရဟန်း၏ ထိုကိုယ်နှင့်စပ်သော အရာဝတ္ထုကို မိမိကိုယ်နှင့်စပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ မှီဝဲလို၍ ကိုယ်ဖြင့် လုံ့လပြုအံ့၊ အတွေ့ကို ဝန်ခံအံ့'သာယာအံ့'၊ ဒုက္ကဋ် အာပတ် သင့်၏။ပ။

မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍ တပ်မက်သောစိတ်လည်း ရှိ၏၊ မိန်းမတို့သည်လည်း ရဟန်း၏ ထိုကိုယ်နှင့်စပ်သော အရာဝတ္ထုကို မိမိတို့ကိုယ်နှင့်စပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်ကုန်အံ့၊ ထိုမှ ဤမှ သုံးသပ်ကုန်အံ့။ပ။ ကိုင်ကုန်အံ့၊ တို့ထိကုန်အံ့၊ မှီဝဲလို၍ ကိုယ်ဖြင့် လုံ့လပြုအံ့၊ အတွေ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ဒုက္ကဋ်အာပတ် နှစ်ချက်သင့်၏။ပ။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ နှစ်ယောက်လုံးတို့ကလည်း ရဟန်း၏ ထိုကိုယ်နှင့်စပ်သော အရာဝတ္ထုကိုမိမိတို့ကိုယ်နှင့်စပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်ကုန်အံ့၊ ထိုမှ ဤမှ သုံးသပ်ကုန်အံ့။ပ။ ကိုင်ကုန်အံ့၊ တို့ထိကုန်အံ့၊ မှီဝဲလို၍ ကိုယ်ဖြင့် လုံ့လပြုအံ့၊ အတွေ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။ပ။

မိန်းမလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်းရှိ၏၊ မိန်းမသည်လည်း ရဟန်း၏ထိုကိုယ်ကို မိမိစွန့်လွှတ်အပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ မှီဝဲလို၍ ကိုယ်ဖြင့် လုံ့လ ပြုအံ့၊ အတွေ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ဒုက္ကဋ်အာပတ် သင့်၏။ပ။

မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ မိန်းမနှစ်ယောက်တို့၌ မိန်းမဟု ထင်မှတ်၍ တပ်မက်သောစိတ်လည်း ရှိ၏၊ မိန်းမတို့ကလည်း ရဟန်း၏ ထိုကိုယ်ကို မိမိတို့စွန့်လွှတ်အပ်သော အရာ ဝတ္ထုဖြင့်ရှေးရှု သုံးသပ်ကုန်အံ့၊ မှီဝဲလို၍ ကိုယ်ဖြင့် လုံ့လပြုအံ့၊ အတွေ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ဒုက္ကဋ် အာပတ်နှစ်ချက် သင့်၏။ပ။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ နှစ်ယောက်လုံးတို့ကလည်း ရဟန်း၏ ထိုကိုယ်ကို မိမိတို့ စွန့်လွှတ်အပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်ကုန်အံ့၊ မှီဝဲလို၍ ကိုယ်ဖြင့် လုံ့လပြုအံ့၊ အတွေ့ကို ဝန်ခံအံ့'သာယာအံ့'၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။ပ။