Page:ပါရာဇိကပါဠိတော်.pdf/180

From Wikisource
Jump to navigation Jump to search
This page has not been proofread.

မိန်းမလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်းရှိ၏၊ ရဟန်းသည် လည်း မိန်းမ၏ထိုကိုယ်နှင့်စပ်သော အရာဝတ္ထုကို မိမိကိုယ်နှင့်စပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှသုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ပ။

မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ မိန်းမနှစ်ယောက်တို့၌ မိန်းမဟု ထင်မှတ်၍ တပ်မက်သောစိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း မိန်းမနှစ်ယောက်တို့၏ ထိုကိုယ်နှင့်စပ်သော အရာဝတ္ထုကိုမိမိကိုယ်နှင့် စပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။ပ။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုကိုယ်နှင့်စပ်သော အရာဝထ္ထုကို မိမိကိုယ်နှင့် စပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။ပ။

မိန်းမလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်းမိန်းမ၏ ထိုကိုယ်ကို မိမိစွန့်လွှတ်အပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ပ။

မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ မိန်းမနှစ်ယောက်ထို့၌ မိန်းမဟု ထင်မှတ်၍ တပ်မက်သောစိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း မိန်းမနှစ်ယောက်တို့၏ ထိုကိုယ်ကို မိမိစွန့်လွှတ်အပ်သောအရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။ပ။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုကိုယ်ကို မိမိစွန့်လွှတ်အပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်နှစ်ချက် သင့်၏။ပ။

မိန်းမလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်းမိန်းမ၏ ထိုကိုယ်နှင့်စပ်သော အရာဝတ္ထုကို မိမိစွန့်လွှတ်အပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ပ။

မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ မိန်းမနှစ်ယောက်ထို့၌ မိန်းမဟု ထင်မှတ်၍ တပ်မက် သောစိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း မိန်းမနှစ်ယောက်တို့၏ ထိုကိုယ်နှင့်စပ်သော အရာဝတ္ထုကိုမိမိစွန့်လွှတ်အပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။ပ။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုကိုယ်နှင့်စပ်သော အရာဝတ္ထုကို မိမိစွန့်လွှတ်အပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။ပ။

မိန်းမလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်းမိန်းမ၏ ထိုစွန့်လွှတ်အပ်သော အရာဝတ္ထုကို မိမိစွန့်လွှတ်အပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ပ။

မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ မိန်းမနှစ်ယောက်ထို့၌ မိန်းမဟု ထင်မှတ်၍ တပ်မက်သောစိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း မိန်းမနှစ်ယောက်တို့၏ ထိုစွန့်လွှတ်အပ်သော အရာဝတ္ထုကိုမိမိစွန့်လွှတ်အပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။ပ။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုစွန့်လွှတ်အပ်သော အရာဝတ္ထုကို မိမိစွန့်လွှတ်အပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။ပ။

ရဟန်းဘက်မှ စက်မြှုပ် 'ဘိက္ခုပေယျာလ' ပြီး၏။