Page:ပါရာဇိကပါဠိတော်.pdf/148

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ထိုဦးခေါင်းပြတ်ကိုယ်သည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုသတ္တဝါသည်ဤရာဇဂြိုဟ်မြို့၌ပင် ဟာရိကခေါ် ခိုးသူသတ်ယောက်ျား ဖြစ်ခဲ့ဖူးလေပြီ။ (၅၁)

ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော ရဟန်းကို မြင်ရ၏၊ ထိုရဟန်း၏ ဒုကုဋ် 'နှစ်ထပ်သင်္ကန်း' သည်လည်း ပြောင်ပြောင်တောက်လောင်၏၊ ထက်ဝန်းကျင်အလျှံနှင့်တကွ ဖြစ်၏၊ အရောင်အလင်းနှင့်တကွ ဖြစ်၏၊ သပိတ်သည်လည်း ပြောင်ပြောင်တောက်လောင်၏၊ ထက်ဝန်းကျင် အလျှံနှင့်တကွ ဖြစ်၏၊ အရောင်အလင်းနှင့်တကွ ဖြစ်၏၊ ခါးပန်းကြိုးသည်လည်း ပြောင်ပြောင်တောက်လောင်၏၊ ထက်ဝန်းကျင်အလျှံနှင့်တကွ ဖြစ်၏၊ အရောင်အလင်းနှင့်တကွဖြစ်၏၊ ခန္ဓာကိုယ်သည်လည်း ပြောင်ပြောင်တောက်လောင်၏၊ ထက်ဝန်းကျင်အလျှံနှင့်တကွ ဖြစ်၏၊ အရောင် အလင်းနှင့်တကွ ဖြစ်၏၊ ထိုရဟန်းသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ထိုရဟန်းသည် ကဿပမြတ်စွာဘုရား သာသနာတော်၌ ရဟန်းယုတ် ဖြစ်ခဲ့ဖူးလေပြီ။ (၅၂)

ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော ရဟန်းမိန်းမကိုမြင်ရ၏၊ သိက္ခမာန်ကို မြင်ရ၏၊ သာမဏေကို မြင်ရ၏၊ သာမဏေမကို မြင်ရ၏၊ ထိုသာမဏေမ၏ဒုကုဋ် သည်လည်း ပြောင်ပြောင်တောက်လောင်၏၊ ထက်ဝန်းကျင်အလျှံနှင့်တကွ ဖြစ်၏၊ အရောင်အလင်းနှင့်တကွ ဖြစ်၏၊ သပိတ်သည်လည်း ပြောင်ပြောင်တောက်လောင်၏၊ ထက်ဝန်းကျင်အလျှံနှင့်တကွ ဖြစ်၏၊ အရောင် အလင်းနှင့်တကွ ဖြစ်၏၊ ခါးပန်းကြိုးသည်လည်းပြောင်ပြောင်တောက်လောင်၏၊ ထက်ဝန်းကျင် အလျှံနှင့်တကွ ဖြစ်၏၊ အရောင်အလင်းနှင့်တကွ ဖြစ်၏၊ ခန္ဓာကိုယ်သည်လည်း ပြောင်ပြောင်တောက်လောင်၏၊ ထက်ဝန်းကျင်အလျှံနှင့်တကွ ဖြစ်၏၊ အရောင်အလင်းနှင့်တကွ ဖြစ်၏၊ ထိုသာမဏေမသည် နာကျင်သော အသံကို ပြု၏၊ ငါ့သျှင် ထိုငါအား-"အချင်းတို့ အံ့ဖွယ်ရှိစွတကား အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ ဤကဲ့သို့သော သတ္တဝါဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော ပြိတ္တာဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော အတ္တဘောကို ရသူဟု ရှိရတုံဘိ၏"ဟုအကြံဖြစ်ခဲ့ပါသည်ဟု (ပြောဆို၏)။

ရဟန်းတို့သည် "အသျှင်မဟာမောဂ္ဂလာန်သည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက်လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ဝါကြွားပြောဆိုနေသည်"ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ့ပြောဆိုကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို "ရဟန်းတို့ တပည့်သာဝကတို့သည် မျက်စိအမြင် ရှိကုန်သည် ဖြစ်၍ နေကြပေသည်တကား၊ ရဟန်းတို့ တပည့်သာဝကတို့သည် ဉာဏ်အမြင်ရှိကုန်သည်ဖြစ်၍ နေကြပေသည်တကား၊ အကြင်သို့သော တပည့်သာဝက စင်လျက် ဤသို့သော သတ္တဝါကို သိလည်းသိနိုင်တုံဘိ၏၊ မြင်လည်း မြင်နိုင်တုံဘိ၏၊ သက်သေကိုသော်လည်း ပြုနိုင်တုံဘိ၏၊ ရဟန်းတို့ ရှေ့ကပင်ထိုသာမဏေမကို ငါ မြင်ခဲ့ဖူးပြီ်၊ သို့သော်လည်း ငါသည် မပြောဆိုခဲ့ပေ၊ ငါသည် ထိုအကြောင်းကို ပြောဆိုခဲ့ပါမူ သူတစ်ပါးတို့သည် ငါ့အား မယုံကြည်နိုင်ကြပေရာ၊ ငါ့ကို မယုံကြည်သူတို့အား ထိုမယုံကြည်ခြင်းသည် ကြာမြင့်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်လေရာ၏၊ ရဟန်းတို့ထိုသာမဏေမသည် ကဿပမြတ်စွာဘုရား သာသနာတော်၌ ယုတ်မာသော သာမဏေမဖြစ်ဖူးခဲ့လေပြီ၊ ထိုသာမဏေမသည် ထိုကံ၏ အကျိုးဖြင့် များစွာသော နှစ်တို့ပတ်လုံး များစွာသော နှစ်အရာတို့ပတ်လုံးများစွာသော နှစ်အထောင်တို့ပတ်လုံး များစွာသော နှစ်အသိန်းတို့ပတ်လုံး ငရဲ၌ ကျက်ခဲ့ရ၍ ထိုကံ၏ အကျိုးကြွင်းဖြင့်ပင် ဤကဲ့သို့သော အတ္တဘောကို ရရှိခံစားနေရ၏၊ ရဟန်းတို့ မောဂ္ဂလာန်သည် အမှန်ကိုပြောဆိုပေသည်၊ ရဟန်းတို့ မောဂ္ဂလာန်အား အာပတ် မသင့်"ဟု (မိန့်တော်မူ၏)။ (၅၃-၅၆)