Page:ပါရာဇိကပါဠိတော်.pdf/147

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ဆိတ်ဆွဲ ဖောက်ခွဲကုန်၏၊ ထို ယောက်ျားသည်နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုသတ္တဝါသည် ဤရာဇဂြိုဟ်မြို့၌ပင် ကောက်ကျစ်စဉ်းလဲသော ကျေးရွာလူကြီး ဖြစ်ခဲ့ဖူးလေပြီ။ (၄၅)

ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် မစင်တွင်း၌ ဦးခေါင်းနှင့်တကွ နစ်မြုပ်နေသော ယောက်ျားကို မြင်ရ၏။ပ။ ရဟန်းတို့ ထိုသတ္တဝါသည် ဤရာဇဂြိုဟ်မြို့၌ပင် သူ့သားမယားကိုသွားလာသူ ဖြစ်ခဲ့ဖူးလေပြီ။ (၄၆)

ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် မစင်တွင်း၌ ဦးခေါင်းနှင့်တကွ နစ်မြုပ်လျက်လက်နှစ်ဖက်တို့ဖြင့် မစင်ကို စားနေသော ယောက်ျားကို မြင်ရ၏။ပ။ ရဟန်းတို့ ထိုသတ္တဝါသည်ဤရာဇဂြိုဟ်မြို့၌ပင် ပုဏ္ဏားပျက် ဖြစ်ခဲ့ဖူးလေပြီ၊ ထိုပုဏ္ဏားပျက်သည် ကဿပမြတ်စွာဘုရား သာသနာတော်၌ ရဟန်းသံဃာကို ဆွမ်းဖိတ်၍ ကျင်းတို့ကို မစင်ဖြင့် ပြည့်စေလျက် အချိန်အခါကို ကြားလျှောက်စေပြီးလျှင် "အသျှင်တို့သည် ဤစားကျင်းမှ အလိုရှိတိုင်း ဘုဉ်းပေးလည်း ဘုဉ်းပေးတော်မူကုန်၊ ဆောင်ယူလည်း ဆောင်ယူတော်မူပါကုန်"ဟု ဆိုခဲ့ဖူးလေပြီ။ (၄၇)

၂၃၀။ ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော အရေ့မရှိသော မိန်းမကို မြင်ရ၏၊ ထိုမိန်းမကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ဆိတ်ဆွဲ ဖောက်ခွဲကုန်၏၊ ထိုမိန်းမသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုမိန်းမသည်ဤရာဇဂြိုဟ်မြို့၌ပင် လင်ကို လွန်ကျူး၍ ကျင့်သော မိန်းမ ဖြစ်ခဲ့ဖူးလေပြီ။ (၄၈)

ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော အနံ့မကောင်းသောအရုပ်ဆိုးသော မိန်းမကို မြင်ရ၏၊ ထိုမိန်းမကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ဆိတ်ဆွဲဖောက်ခွဲကုန်၏၊ ထိုမိန်းမသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ထိုမိန်းမသည် ဤရာဇဂြိုဟ်မြို့၌ပင် နတ်ကတော် ဖြစ်ခဲ့ဖူးလေပြီ။ (၄၉)

ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော ထက်ဝန်းကျင် မီးခဲတဖွားဖွားကျ၍ မီးကျီးပုံ၌ လူးလှိမ့်ခံနေရသော မီးလောင်ဖုတို့မှ အရေတစက်စက် ယိုထွက်နေသောမိန်းမပြိတ္တာကို မြင်ရ၏၊ ထိုမိန်းမသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုမိန်းမသည်ကာလိင်္ဂမင်း၏ မိဖုရားခေါင်ကြီး ဖြစ်ခဲ့ဖူးလေပြီ၊ ထိုမိဖုရားခေါင်ကြီးသည် မနာလိုမှုသည် နှိပ်စက်အပ်ရကား လင်တူမိန်းမကို မီးကျီးအိုးကင်းဖြင့်လောင်းခဲ့ဖူးလေပြီ။ (၅၀)

ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော ဦးခေါင်းမပါသောကိုယ်ကို မြင်ရ၏၊ ထို ဦးခေါင်းပြတ် ကိုယ်၏ ရင်၌ မျက်လုံးနှင့် ပါးစပ်တို့သည် ဖြစ်ပေါ်ကုန်၏၊ ထိုဦးခေါင်းပြတ် ကိုယ်ကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ဆိတ်ဆွဲဖောက်ခွဲကုန်၏၊