Page:ပါရာဇိကပါဠိတော်.pdf/146

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ရဟန်းတို့ ထိုသတ္တဝါသည်ဤရာဇဂြိုဟ်မြို့၌ပင် ငှက်မုဆိုး ဖြစ်ခဲ့ဖူးလေပြီ။ (၃၈)

ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော အရေမရှိသောယောက်ျားကို မြင်ရ၏၊ ထိုယောက်ျားကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ဆိတ်ဆွဲ ဖောက်ခွဲကုန်၏၊ ထိုယောက်ျားသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုသတ္တဝါသည်ဤ ရာဇဂြိုဟ်မြို့၌ပင် ဆိတ်သတ်သမား ဖြစ်ခဲ့ဖူးလေပြီ။ (၃၉)

ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော သန်လျက်အမွေးပေါက်သော ယောက်ျားကို မြင်ရ၏၊ ထိုယောက်ျား၏ ထိုသန်လျက်တို့သည် ပျံတက်၍ ပျံတက်၍ထိုယောက်ျား၏ ကိုယ်၌သာလျှင် ကျကုန်၏၊ ထိုယောက်ျားသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုသတ္တဝါသည် ဤရာဇဂြိုဟ်မြို့၌ပင် ဝက်သတ်သမား ဖြစ်ခဲ့ဖူးလေပြီ။ (၄၀)

ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော လှံအမွေးပေါက်သော ယောက်ျားကို မြင်ရ၏၊ ထိုယောက်ျား၏ ထိုလှံတို့သည် ပျံတက်၍ ပျံတက်၍ထိုယောက်ျား၏ ကိုယ်၌သာလျှင် ကျကုန်၏၊ ထိုယောက်ျားသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုသတ္တဝါ သည် ဤရာဇဂြိုဟ်မြို့၌ပင် သားသတ်သမား ဖြစ်ခဲ့ဖူးလေပြီ။ (၄၁)

ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော မြားအမွေးပေါက်သော ယောက်ျားကို မြင်ရ၏၊ ထိုယောက်ျား၏ ထိုမြားတို့သည် ပျံတက်၍ ပျံတက်၍ထိုယောက်ျား၏ ကိုယ်၌သာလျှင် ကျကုန်၏၊ ထိုယောက်ျားသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ သတ္တဝါသည် ဤရာဇဂြိုဟ်မြို့၌ပင် လက်မရွံ့အာဏာသား ဖြစ်ခဲ့ဖူးလေပြီ။ (၄၂)

ငါ့သျှင် ငါသည် ဂိဇ္စုကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော အပ်အမွေးပေါက်သော ယောက်ျားကို မြင်ရ၏၊ ထိုယောက်ျား၏ ထိုအပ်တို့သည် ပျံတက်၍ ပျံတက်၍ ထိုယောက်ျား၏ကိုယ်၌သာလျှင် ကျကုန်၏၊ ထိုယောက်ျားသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ သတ္တဝါသည်ဤရာဇဂြိုဟ်မြို့၌ပင် ရထားထိန်း ဖြစ်ခဲ့ဖူးလေပြီ။ (၄၃)

ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော အပ်အမွေးပေါက်သော ယောက်ျားကို မြင်ရ၏၊ ထိုယောက်ျား၏ ထိုအပ်တို့သည် ဦးခေါင်းသို့ ဝင်၍ ခံတွင်းမှ ထွက်ကုန်၏ခံတွင်းသို့ ဝင်၍ ရင်မှ ထွက်ကုန်၏၊ ရင်သို့ ဝင်၍ ဝမ်းမှ ထွက်ကုန်၏၊ ၊ ဝမ်းသို့ ဝင်၍ ပေါင်တို့မှထွက်ကုန်၏၊ ပေါင်တို့သို့ ဝင်၍ ခြေသလုံးတို့မှ ထွက်ကုန်၏၊ ခြေသလုံးတို့သို့ ဝင်၍ ခြေထောက်တို့မှထွက်ကုန်၏၊ ထိုယောက်ျားသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုသတ္တဝါသည် ဤရာဇဂြိုဟ်မြို့၌ပင် ကုန်းတိုက်သူ ဖြစ်ခဲ့ဖူးလေပြီ။ (၄၄)

ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော အိုးပမာဏဝှေးစေ့ရှိသော ယောက်ျားကို မြင်ရ၏၊ ထိုယောက်ျားသည် သွားသော်လည်း ထိုဝှေးစေ့တို့ကိုသာလျှင် ပုခုံး၌ တင်၍ သွားရ၏၊ ထိုင်သော်လည်း ထိုဝှေးစေ့တို့၌သာလျှင် ထိုင်ရ၏၊ ထိုယောက်ျားကို လင်းတ