Page:ပါရာဇိကပါဠိတော်.pdf/145

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ပြိတ္တာဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော အတ္တဘောကို ရသူဟု ရှိရတုံဘိ၏၊"ဟုအကြံဖြစ်ခဲ့ပါသည်ဟု (ပြောဆို၏)။

ရဟန်းတို့သည် "အသျှင်မဟာမောဂ္ဂလာန်သည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက်လွန်မြတ်သော ဈာဉ်မဂ်ဖိုလ်တရားကို ဝါကြွားပြောဆို၏"ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆို ကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ရဟန်းတို့ တပည့်သာဝကတို့သည် မျက်စိအမြင်ရှိကုန် သည်ဖြစ်၍ နေကြပေသည်တကား၊ ရဟန်းတို့ တပည့်သာဝကတို့သည် ဉာဏ်အမြင်ရှိကုန်သည်ဖြစ်၍ နေကြပေသည်တကား၊ အကြင်သို့သော တပည့်သာဝက စင်လျက် ဤသို့သော သတ္တဝါကို သိလည်းသိနိုင်တုံဘိ၏၊ မြင်လည်း မြင်နိုင်တုံဘိ၏၊ သက်သေကိုသော်လည်းကောင်း ပြုနိုင်တုံဘိ၏၊ ရဟန်းတို့ ရှေးကပင်ထိုသတ္တဝါကို ငါဘုရားမြင်ခဲ့ဖူးပြီ၊ သို့သော်လည်း ငါသည် မပြောဆိုခဲ့ပေ၊ ငါသည် ထိုအကြောင်းကိုပြောဆိုခဲ့ပါမူ သူတစ်ပါးတို့သည် ငါ့အား မယုံကြည်နိုင်ကြပေရာ၊ ငါ့ကို မယုံကြည်သူတို့အားထိုမယုံကြည်ခြင်းသည် ကြာမြင့်စွာသော ကာလပတ်လုံး စီးပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်လေရာ၏၊ ရဟန်းတို့ ထိုသတ္တဝါတို့သည် ဤရာဇဂြိုဟ်မြို့၌ပင် နွားသတ် ယောက်ျား ဖြစ်ခဲ့ဖူးလေပြီ၊ ထိုသတ္တဝါသည်ထိုကံ၏ အကျိုးဖြင့် များစွာသော နှစ်တို့ပတ်လုံး များစွာသော နှစ်အရာတို့ပတ်လုံး များစွာသောနှစ်အထောင်တို့ ပတ်လုံး များစွာသော နှစ်အသိန်းတို့ပတ်လုံး ငရဲ၌ ကျက်ခဲ့၍ ထိုကံ၏အကျိုးကြွင်းဖြင့်ပင် ဤသို့သော အတ္တဘောကို ရရှိခံစားနေရ၏၊ ရဟန်းတို့ မောဂ္ဂလာန်သည် အမှန်ကိုပြောဆိုပေသည်၊ ရဟန်းတို့ မောဂ္ဂလာန်အား အာပတ် မသင့်"ဟု (မိန့်တော်မူ၏)။ (၃၆)

၂၂၉။ ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော အသားတစ်ပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ဆိတ်ဆွဲဖောက် ခွဲကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုသတ္တဝါသည်ဤရာဇဂြိုဟ်မြို့၌ပင် နွားသတ် ယောက်ျား ဖြစ်ခဲ့ဖူးလေပြီ။ (၃၇)

ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော အသားတုံး ပြိတ္တာကိုမြင်ရ၏၊ ထိုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ ထိုးဆိတ်ကုန်၏၊ ဆိတ်ဆွဲဖောက်ခွဲကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ပ။