Page:ပါရာဇိကပါဠိတော်.pdf/144

From Wikisource
Jump to navigation Jump to search
This page has not been proofread.

တစ်ရံရောအခါ များစွာသော ရဟန်းတို့သည် "အကြင်ရဟန်းသည် ဤကျောင်းမှ ရှေးဦးစွာပြောင်းသွားလျှင် ထိုရဟန်းကို ငါတို့သည် ရဟန္တာဟု သိကုန်အံ့"ဟု ကတိကဝတ်ကို ပြု၍ ကျောင်းတစ်ကျောင်း၌ ဝါကပ် နေထိုင်ကုန်၏၊ ရဟန်းတစ်ပါးသည် "ငါ့ကို ရဟန္တာမှတ်ကြပါစေ"ဟု ထိုကျောင်းမှရှေးဦးစွာ ပြောင်းသွား၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည်ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၃၅)

၂၂၈။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ရှဉ့်နက်တို့အား အစာကျွေးရာ ဖြစ်သောဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသောအခါ အသျှင်လက္ခဏနှင့် အသျှင်မဟာမောဂ္ဂလာန်တို့သည် ဂိဇ္ဈကုဋ်တောင်၌ နေထိုင်ကုန်၏၊ ထိုအခါ အသျှင်မောဂ္ဂလာန်သည် နံနက်အချိန်သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ပြီးလျှင် အသျှင်လက္ခဏထံသို့ ချဉ်းကပ်၍ အသျှင်လက္ခဏကို "ငါသျှင် လက္ခဏ လာ, သွားကြစို့၊ ရာဇဂြိုဟ်မြို့သို့ ဆွမ်းခံဝင်ကုန်အံ့"ဟု ပြောဆို၏၊ "ကောင်းပြီငါ့သျှင်"ဟု အသျှင်လက္ခဏသည် အသျှင်မောဂ္ဂလာန်အား ပြန်လျှောက်၏၊ ထိုအခါအသျှင်မဟာ မောဂ္ဂလာန်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် နေရာတစ်ခု၌ ပြုံးတော်မူ၏၊ ထိုအခါ အသျှင် လက္ခဏသည် အသျှင်မောဂ္ဂလာန်အား-"ငါ့သျှင်မောဂ္ဂလာန် ပြုံးရယ်ခြင်း၏ အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း"ဟု မေးလျှောက်၏။

ငါ့သျှင်လက္ခဏ ဤပြဿနာကို (ဖြေခြင်းငှါ) အခါမဟုတ်သေး၊ မြတ်စွာဘုရား၏ အထံတော်ရောက်မှငါ့အား ဤပြဿနာကို မေးပါဟု (ပြောဆို၏)။

ထို့နောက် အသျှင်လက္ခဏနှင့် အသျှင်မဟာမောဂ္ဂလာန်တို့သည် ရာဇဂြိုဟ်မြို့၌ ဆွမ်းခံလှည့်လည်၍့ဆွမ်းစားပြီးနောက် ဆွမ်းစားဇရပ်မှ ဖဲခွါလာကြပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြ၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကြပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကြပြီးနောက် အသျှင်လက္ခဏသည် အသျှင်မဟာမောဂ္ဂလာန်အား- "အသျှင်မဟာမောဂ္ဂလာန်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် နေရာတစ်ခု၌ ပြုံးတော်မူ၏ငါ့သျှင်မောဂ္ဂလာန် ပြုံးခြင်း၏ အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း"ဟု မေးလျှောက်၏။

ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အရိုးစု ပြိတ္တာကိုမြင်ရ၏၊ ထိုအရိုးစုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ နံရိုးကြားတို့၌ထိုးဆိတ်ကြကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏၊ ငါ့သျှင် ထိုငါ့အား-"အချင်းတို့ အံ့ဖွယ်ရှိစွတကား အချင်းတို့ မဖြစ်ဖူးမြဲဖြစ်စွတကား၊ ဤကဲ့သို့သော သတ္တဝါဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော