Page:ပါရာဇိကပါဠိတော်.pdf/129

From Wikisource
Jump to navigation Jump to search
This page has not been proofread.

မပြောမီ ရှေးမဆွကပင်။ပ။ ဤအကြောင်းသုံးမျိုးတို့ဖြင့်။ပ။ မပြောမီ ရှေးမဆွကပင်။ပ။ ရည်မှန်းချက်ကို ဖုံးထားလျက် အကြောင်းခုနစ်မျိုးတို့ဖြင့် ဒုတိယဈာန်ကိုလည်းကောင်း၊ ပဌမဈာန်ကိုလည်းကောင်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ဒုတိယဈာန်ကိုလည်းကောင်း၊ ပဌမဈာန်ကိုလည်းကောင်း ရ၏။ လေ့လာခြင်း ရှိ၏။ ငါသည် ဒုတိယဈာန်ကိုလည်းကောင်း၊ ပဌမဈာန်ကိုလည်းကောင်းမျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

စက်ဝိုင်း 'ဗဒ္ဓစက်' ပြီး၏။

[ဤအတူ တစ်ခုခုကို မူတည်ပြု၍ စက်ကို လည်အောင် လှည့်အပ်၏]၊

ဤ (ဆိုလတ္တံ့) သည်ကား အကျဉ်းတည်း၊

၂၁၁။ အကြောင်းသုံးမျိုးတို့ဖြင့် တတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း။ပ။ တတိယဈာန်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ တတိယဈာန်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း ရ၏။ လေ့လာခြင်းရှိ၏။ ငါသည် တတိယဈာန်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန်ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် တတိယဈာန်ကိုလည်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ တတိယဈာန်ကိုလည်းရ၏။ လေ့လာခြင်းရှိ၏။ ငါသည် တတိယဈာန်ကိုလည်း မျက်မှောက်ပြုအပ်ပြီ၊ ငါသည် ရာဂကိုလည်း စွန့်ပြီ။ ဒေါသကိုလည်း စွန့်ပြီ။ မောဟကိုလည်း စွန့်ပြီ၊ ထွေးအန်ပြီ၊ လွှတ်ပြီ၊ ပယ်ပြီ၊ စွန့်ပစ်ပြီ၊ ထိတ်လန့်စေပြီ၊ ကောင်းစွာ ထိတ်လန့်စေပြီ၊ ရာဂမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ဒေါသမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ မောဟမှလည်းငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအားပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ ဖြင့် တတိယဈာန်ကိုလည်းကောင်း၊ ပဌမဈာန်ကိုလည်းကောင်း။ တတိယဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏၊ တတိယဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း ရ၏၊ လေ့လာခြင်းရှိ၏၊ ငါသည် တတိယဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ပဌမဈာန်ကိုလည်း။ပ။ ဒုတိယဈာန်ကိုလည်း။ပ။ တတိယဈာန်ကိုလည်း။ပ။ စတုတ္ထဈာန်ကိုလည်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏၊ မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ'ကင်းပြီ၊ စတုတ္ထဈာန်ကိုလည်း ရ၏၊ လေ့လာခြင်းရှိ၏၊ မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ'ကင်းပြီ၊ ငါသည် စတုတ္ထဈာန်ကိုလည်း မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသောရဟန်းအား ပါရာဇိကအာပတ် သင့်၏။

၂၁၂။ အကြောင်းသုံးမျိုးတို့ဖြင့် မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ကိလေသာ ဆိတ်သုဉ်း၍ လွတ်မြောက်ခြင်း 'သုညတဝိမောက္ခ' ကိုလည်း။ ကိလေသာအကြောင်းနိမိတ်မရှိ၍ လွတ်မြောက်ခြင်း 'အနိမိတ္တဝိမောက္ခ' ကိုလည်း။ ကိလေသာတောင့်တမှု မရှိ၍လွတ်မြောက်ခြင်း 'အပ္ပဏိ ဟိတဝိမောက္ခ' ကိုလည်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ။