Page:ပါရာဇိကပါဠိတော်.pdf/130

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ကိလေသာတောင့်တမှု မရှိ၍လွတ်မြောက်ခြင်း 'အပ္ပဏိဟိတဝိမောက္ခ' ကိုလည်း ရ၏။ လေ့လာခြင်းရှိ၏။ မောဟမှလည်း ငါ၏စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ငါသည် ကိလေသာ တောင့်တမှု မရှိ၍ လွတ်မြောက်ခြင်း'အပ္ပဏိဟိတဝိမောက္ခ' ကိုလည်း မျက်မှောက် ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသောရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ကိလေသာဆိတ်သုဉ်း၍ တည်ကြည်ခြင်း 'သုညတသမာဓိ' ကိုလည်း။ ကိလေသာ အကြောင်းနိမိတ် မရှိ၍တည်ကြည်ခြင်း 'အနိမိတ္တသမာဓိ' ကိုလည်း။ ကိလေသာ တောင့်တမှု မရှိ၍ တည်ကြည်ခြင်း 'အပ္ပဏိဟိတသမာဓိ' ကိုလည်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ မောဟမှလည်း ငါ၏ စိတ်သည်အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ကိလေသာ တောင့်တမှုမရှိ၍ တည်ကြည်ခြင်း 'အပ္ပဏိဟိတသမာဓိ'ကိုလည်း ရ၏။ လေ့လာခြင်းရှိ၏။ မောဟ မှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ငါသည် ကိလေသာ တောင့်တမှုမရှိ၍ တည်ကြည်ခြင်း 'အပ္ပဏိဟိတသမာဓိ' ကိုလည်း မျက်မှောက်ပြု့အပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ကိလေသာဆိတ်သုဉ်း၍ ဝင်စားခြင်း 'သုညတသမာပတ်' ကိုလည်း။ ကိလေသာ အကြောင်းနိမိတ် မရှိ၍ဝင်စားခြင်း 'အနိမိတ္တသမာပတ်' ကိုလည်း။ ကိလေသာ တောင့်တမှု မရှိ၍ ဝင်စားခြင်း 'အပ္ပဏိဟိတသမာပတ်' ကိုလည်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ မောဟမှလည်း ငါ၏ စိတ်သည်အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ကိလေသာ တောင့်တမှုမရှိ၍ ဝင်စားခြင်း 'အပ္ပဏိဟိတသမာပတ်'ကိုလည်း ရ၏။ လေ့လာခြင်းရှိ၏။ မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ငါသည် ကိလေသာ တောင့်တမှုမရှိ၍ ဝင်စားခြင်း 'အပ္ပဏိဟိတသမာပတ်' ကိုလည်း မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိက အာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ'ကင်းပြီ၊ ဝိဇ္ဇာသုံးပါးတို့ကိုလည်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ မောဟမှလည်း ငါ၏ စိတ်သည်အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ဝိဇ္ဇာသုံးပါးတို့ကိုလည်း ရ၏။ လေ့လာခြင်းရှိ၏။ မောဟမှလည်း ငါ၏စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ငါသည် ဝိဇ္ဇာသုံးပါးတို့ကိုလည်း မျက်မှောက်ပြုအပ်ပြီဟုသိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ သတိပဋ္ဌာန်လေးပါးတို့ကိုလည်း။ သမ္ပပ္ပဓာန်လေးပါးတို့ကိုလည်း။ ဣဒ္ဓိပါဒ်လေးပါးတို့ကိုလည်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ဣဒ္ဓိပါဒ်လေးပါးတို့ကိုလည်း ရ၏။ လေ့လာခြင်းရှိ၏။ မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ'ကင်းပြီ၊ ငါသည် ဣဒ္ဓိပါဒ် လေးပါးတို့ကိုလည်း မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

၂၁၃။ အကြောင်းသုံးမျိုးတို့ဖြင့် မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ဣန္ဒြေငါးပါးတို့ကိုလည်း။ ဗိုလ်ငါးပါးတို့ကိုလည်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏၊ မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ဗိုလ်ငါးပါးတို့ကိုလည်း ရ၏။ လေ့လာခြင်းရှိ၏။ မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ငါသည်ဗိုလ်ငါးပါးတို့ကိုလည်း မျက် မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအားပါရာဇိကအာပတ် သင့်၏။