Page:ပါရာဇိကပါဠိတော်.pdf/128

From Wikisource
Jump to navigation Jump to search
This page has not been proofread.

မောဟကိုလည်း စွန့်ပြီ၊ ထွေးအန်ပြီ၊ လွှတ်ပြီ၊ ပယ်ပြီ၊ စွန့်ပစ်ပြီ၊ ထိတ်လန့်စေပြီ၊ ကောင်းစွာ ထိတ်လန့်စေပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

မပြောမီ ရှေးမဆွကပင်။ပ။ ဤအကြောင်းသုံးမျိုးတို့ဖြင့်။ပ။ မပြောမီ ရှေးမဆွကပင် ထိုရဟန်း သည်"မဟုတ်မမှန်ပြောမည်"ဟု သိ၏၊ ပြောဆဲရဟန်းသည် "မဟုတ်မမှန်ပြောသည်"ဟု သိ၏၊ ပြောပြီးရဟန်းသည် "ငါ မဟုတ်မမှန် ပြောမိပြီ"ဟု သိ၏၊ အယူအဆကို ဖုံးထားလျက် နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက် ရည်မှန်းချက်ကို ဖုံးထားလျက်အကြောင်းခုနစ်မျိုးတို့ ဖြင့် ပဌမဈာန်ကိုလည်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ပဌမဈာန်ကိုလည်းရ၏။ လေ့လာခြင်းရှိ၏။ ငါသည် ပဌမဈာန်ကိုလည်း မျက်မှောက် ပြုအပ်ပြီ၊ ရာဂမှလည်း ငါ၏စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်း၏။ ဒေါသမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ'ကင်း၏။ မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်း၏ဟု သိလျက် မဟုတ်မမှန်ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

စက်ပြတ်'ခဏ္ဍစက်' ပြီး၏။

စက်ဝိုင်း'ဗဒ္ဓစက်'

၂၁၀။ အကြောင်းသုံးမျိုးတို့ဖြင့် ဒုတိယဈာန်ကိုလည်းကောင်း၊ တတိယဈာန်ကိုလည်းကောင်းဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ဒုတိယဈာန်ကိုလည်းကောင်း၊ တတိယဈာန်ကိုလည်းကောင်းရ၏။ လေ့လာခြင်းရှိ၏။ ငါသည် ဒုတိယဈာန်ကိုလည်းကောင်း၊ တတိယဈာန်ကိုလည်းကောင်းမျက်မှောက် ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် ဒုတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ဒုတိယဈာန်ကိုလည်းကောင်း၊ စတုတ္တဈာန်ကိုလည်းကောင်း ရ၏။ လေ့လာခြင်း ရှိ၏။ ငါသည် ဒုတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း မျက်မှောက် ပြုအပ်ပြီဟုသိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် ဒုတိယဈာန်ကိုလည်းကောင်း၊ ကိလေသာဆိတ်သုဉ်း၍ လွတ်မြောက်ခြင်း'သုညတဝိမောက္ခ' ကိုလည်းကောင်း။ ကိလေသာ အကြောင်းနိမိတ်မရှိ၍ လွတ်မြောက်ခြင်း 'အနိမိတ္တဝိမောက္ခ' ကိုလည်းကောင်း။ ကိလေသာတောင့်တမှုမရှိ၍ လွတ်မြောက်ခြင်း 'အပ္ပဏိဟိတဝိမောက္ခ' ကိုလည်းကောင်း။ ကိလေသာဆိတ်သုဉ်း၍ တည်ကြည်ခြင်း 'သုညတသမာဓိ' ကိုလည်းကောင်း။ ကိလေသာအကြောင်းနိမိတ်မရှိ၍ တည်ကြည်ခြင်း 'အနိမိတ္တသမာဓိ' ကိုလည်းကောင်း။ ကိလေသာ တောင့်တမှုမရှိ၍တည်ကြည်ခြင်း 'အပ္ပဏိဟိတသမာဓိ' ကိုလည်းကောင်း။ ကိလေသာဆိတ်သုဉ်း၍ ဝင်စားခြင်း 'သုညတသမာပတ်' ကိုလည်းကောင်း။ ကိလေသာ အကြောင်းနိမိတ် မရှိ၍ ဝင်စားခြင်း 'အနိမိတ္တသမာပတ်'ကိုလည်းကောင်း။ ကိလေသာ တောင့်တမှုမရှိ၍ ဝင်စားခြင်း 'အပ္ပဏိဟိတ သမာပတ်' ကိုလည်းကောင်း။ ဝိဇ္ဇာသုံးပါးတို့ကိုလည်းကောင်း။ သတိပဋ္ဌာန်လေးပါးတို့ကိုလည်းကောင်း။ သမ္မပ္ပဓာန်လေးပါးတို့ကိုလည်းကောင်း၊ ဣဒ္ဓိပါဒ်လေးပါးတို့ကိုလည်းကောင်း။ ဣန္ဒြေငါးပါးတို့ကိုလည်းကောင်း။ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း။ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်းကောင်း။ မြတ်သော မဂ္ဂင်ရှစ်ပါးကိုလည်းကောင်း။ သောတာပတ္တိဖိုလ်ကိုလည်းကောင်း။ သကဒါဂါမိဖိုလ်ကိုလည်းကောင်း။ အနာဂါမိဖိုလ်ကိုလည်းကောင်း။ အရဟတ္တဖိုလ်ကိုလည်းကောင်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ဒုတိယဈာန်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း ရ၏၊ လေ့လာခြင်း ရှိ၏၊ ငါသည် ဒုတိယဈာန်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအားပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ ဖြင့် ဒုတိယဈာန်ကိုလည်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ဒုတိယဈာန်ကိုလည်း ရ၏။ လေ့လာခြင်းရှိ၏။ ငါသည် ဒုတိယဈာန်ကိုလည်း မျက်မှောက်ပြုအပ်ပြီ၊ ငါသည်ရာဂကိုလည်း စွန့်ပြီ။ ဒေါသကိုလည်း စွန့်ပြီ။ မောဟကိုလည်း စွန့်ပြီ၊ ထွေးအန်ပြီ၊ လွှတ်ပြီ၊ ပယ်ပြီ၊ စွန့်ပစ်ပြီ၊ ထိတ်လန့်စေပြီ၊ ကောင်းစွာ ထိတ်လန့်စေပြီ၊ ရာဂမှလည်း ငါ၏ စိတ်သည် အပိတ်အပင်'နီဝရဏ' ကင်းပြီ၊ ဒေါသမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ မောဟမှလည်း ငါ၏စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။