Page:နန္ဒီသေနပျို့.pdf/49

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၄၆
လက်ဝဲသုနန္ဒရ
 

ဖွေရှာ တသီး၊ ပြုစုပြီးမှ၊ တိမ်နီးယိုးမှား၊ မှန်ကင်းလားလျှင်၊ ပတ္တမြားပွင့်၊ ရွှေကြုတ်ဆင့်၍၊ လှစ်ဖွင့်ခဲစွာ၊ ရတနာကို၊ ပညာသော့ညှပ်၊ ထုတ်ယူလှပ်မှ၊ ပွင့်ချပ်ကုံးသီ၊ ရွှေခြယ်စီသို့၊ နန္ဒီသေန၊ ဤကျမ်းမကို၊ လုံ့လထူထူ၊ မည်သူ အားကြိုး၊ မဆော်နှိုးလည်း၊ ကောင်းကျိုးမှုခင်း၊ နှလုံးသွင်း၍၊ မှန် ကင်း တဆူ၊ စိုက်ထောင်ထူသည်၊၊စစ်သူကြီးတို့ လက်စွဲတည်း။

၁၀၈။။ သက်ခုနစ်နှစ်၊ ငယ်နုမျစ်က၊ ကျစ်လစ်,ဖွယ်ရာ၊ လက္ခဏာ နှင့်၊ သဒ္ဒါ လက်ဦး၊ ဂုဏ်ညွန့်ခူး၍၊ ကျေးဇူး လွှံ့ကျော်၊ သတင်း ပေါ်၏။ မြင်မြော် ရှေးထုံး၊ ပညာကျုံးလျက်၊ ဆယ့်သုံးနှစ်ရွယ်၊ သို့စင်ငယ်လျက်၊ ရွေးချယ် စုံစေ့၊ စာဆိုလေ့နှင့်[1]၊ မွေ့မွေ့,လျော်လျော်၊ ရွှင်မြူး ပျော်၏။ ထင်ပေါ် ထုတ်ချင်း၊ ဂုဏ်သတင်းကြောင့်၊ စိုးမင်းထံမှာ၊ မှုရေးရာကို၊ မခြာ ကြပ်မ၊ စီရင်ရ၍၊ ထွန်းပ ထင်ပေါ်၊ ဟိုးဟိုး ကျော်၏။ ထုတ်ဖော် မထား၊ ဂုဏ်ထူးလွှားလျက်၊ စကား သွယ်ခွေ၊ မာန်တက်ချေဟု၊ ဆိုလေ လိမ့်နိုး၊ ကြောင့်ကြစိုးလည်း၊ မကြိုး မစား၊ စာသင်သားတို့၊ ဆိုထား သိမ်းပိုက်၊ ငယ်ရွယ်ခိုက်က၊ နည်းလိုက် သက်သေ၊ အားကျစေဟု၊ သေခွေ စကား၊ ညွှန်ပြထားသည်၊၊ အများ,ယှဉ်ရာ လမ်းသီးတည်း[2]

၁၀၉။။ ရွှေထီး ဆက်ဆက်၊ ရွှေလက်ထက်က၊ ကျမ်းထွက် နည်းနာ၊ ဤရွှေစာသည်၊ သဒ္ဓါ အမြိုက်၊ နှစ်အင်ခြိုက်ရှင့်။ စိုးထိုက် မင်းသုံး၊ ယူနှလုံးဖြင့်၊ ကုံးကုံး,ဆင်ဆင်၊ ကြံစီရင်၍၊ ယခင် ရှေးခါ၊ ရှေးဆရာဟု၊ ရှေးပညာကျော်၊ ရှေးကသော်လည်း၊ စပ်တော်မူသင့်၊ လေသည်ခွင့်တွင်၊ ကံနှင့်အညီ၊ သိကြားဖီ၍၊ နန္ဒီသေန၊ ဤကျမ်းမကို၊ ဘယရန္တမိတ်၊ ရွှေစိတ်ကြည်ညို၊ နောက်စာဆိုလျှင်၊ ကုသိုလ် ရှာဖွေ၊ ပြုစုစေဟု၊ ချန်လေသော့လား၊ ရှိသောအားကြောင့်၊ တရား,ဓမ္မ၊ နှစ်သာရကို၊ ဆွတ်ကြပါစေ၊ စိုက်ထောင်ပေသည်၊၊ ပဒေသာခိုင် အဖြီးတည်း။

၁၁၀။။ သက္ကရာဇ၊ ဒီဃမှန်အောင်၊ တွက်ကိန်းဆောင်မူ၊ ထောင်, ရာတွက်ချဲ၊ နှစ်ဆဲ့ရှစ်ခု၊ ဥတုချမ်းမြ၊ ဟေမန္တတည့်။ မူလမည်မှတ်၊ နက္ခတ် ထွန်းတောက်၊ ရောက်နေ ဗြိစ္ဆာ၊ ကြတ္တိကာ၌၊ နေ့ ကြာသပတေး၊ ဆန်းလေးရက်သာ၊ ကောဇာလက်မိန်၊ ထိုအချိန်တွင်၊ ကလိင်္ဂဇာတ်၊ အတ္ထုပ္ပတ်ကို၊ စွဲမှတ် စေ့ငု၊ ဝတ္ထု ပုံထုံး၊ သင့်ရာသုံး၍၊ စီကုံး စာစောင်၊ ကျမ်းထွတ်


  1. သတိလေ့နှင့် (ဟံ)
  2. အများယှဉ်ရာ လမ်းမှီးတည်း (ဦး)