Page:နန္ဒီသေနပျို့.pdf/50

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၄၇
နန္ဒီသေနပျို့
 

ခေါင်ဟု၊ ရွှေတန်ဆောင်ကြီး၊ ထောင်၍ပြီးရှင့်။ အစီးအပွား၊ လူတို့အားကို၊ သိကြား အတူ၊ ရှာတော်မူ၍၊ မပူ အေးမြ၊ ငြိမ်းပေရဟု၊ နှိုင်းဆ မမြော်၊ ကျေးဇူးတော်ကို၊ ချီငေါ် အသင့်၊ နှလုံး ချင့်လျက်၊ အရှင့် ရေးရာ၊ ကြုံသောခါလျှင်၊ မဟာဂမ္ဘီ၊ ဉာဏ်ဂုဏ်ဆီဖြင့်၊ နန္ဒီသေန၊ ပေါက်ပြလွှံ့ပတ်၊ ရှေးအမတ်သို့၊ စွဲမှတ် ရွက်ဆောင်၊ မူမြားမြောင်ကို၊ အန်ထောင် ကြိုးပမ်း၊ ညီညာ ထမ်းစိမ့်။ ထုံးတမ်း နည်းမှီ၊ သင့်ရာစီသည်၊၊ နန္ဒီသေန ကျမ်းကြီးတည်း။

၁၁၁။။ အဿကတိုင်း၊ ကျော်သံလှိုင်းလျက်၊ နှုန်းနှိုင်း မရှိ၊ ပါဋလိဟု၊ ပြည်ကြီးသခင်၊ စောနတ်ရှင်လျှင်၊ နေသွင် ရွှန်းရွှန်း၊ ဖုန်းတော် ထွန်း၍၊ ပတ်ဝန်း သိမ်းယူ၊ အောင်တော်မူလျက်၊ ဇမ္ဗူ ဝိုက်ချီး၊ အောင်စည်တီးမှ၊ ဆင်ကြီး မြင်းကြီး၊ သမီး ကညာ၊ ဆက်ရောက်လှာသို့၊ မဟာမိုးနတ်၊ တူတမှတ်လျှင်၊ မန္ဓာတ် မခြား၊ တရားစောင့်သိ၊ ကျွန်းကြီးသခင်[1]၊ တို့အရှင်ဝယ်၊ မြင်း,ဆင် ကညာ၊ ရတနာတိ၊ ဆက်လှာ မစဲ၊ ထပ်ဆင့်ကဲမျှ၊ ပြည်တဲ သာယာ၊ မဆိုသာတည့်။ သမ္ဘာ ဆုံပေါင်း၊ ဖုန်းတော်ဟောင်းတွင်၊ ဆင့်လောင်း မခြာ၊ ဤကျမ်းစာကြောင့်၊ စကြာယာဉ်ကြီး၊ ထူးလည် စီးလျက်[2]၊ ရိုက်ချီး အောင်ပွဲ၊ လပ်မစဲသည်၊၊ ပြည်တဲ,ငြိမ်းချမ်း စေသတည်း။

၁၁၂။။ ကုသိုလ် ဆယ်ဖြာ၊ ဆယ်ရပ်မှာလျှင်၊ ဝေယျာဝစ္စ၊ သည်အရသည်၊ လုံ့လ စွမ်းအင်၊ အရှင်မှုတော်၊ ထမ်းမှသော်လျှင်၊ ရှုမျှော် နှစ်တန်၊ ပစ္စုပ္ပန်နှင့်၊ နောင်ဖန် သံသာ၊ စီးပွားလာလျက်၊ ကောင်းတာ ရှည်မြောက်၊ ကောင်းရာ ရောက်လိမ့်၊ ကြံအောက်မေ့လျက်၊ အချက်ချက်ကို၊ စိတ်စက် စွဲနှောင်၊ လွှဲ,မရှောင်သည်၊၊ ရွက်ဆောင်,မှုထမ်း စေသတည်း။

၁၁၃။။ နန္ဒီသေန၊ ရှေးက အမတ်၊ လောကနတ်တွင်၊ လျောက် ပတ် စေ့ ငု၊ အရှင့်မှုလည်း၊ တခု မကျန်၊ ဝေဖန် ခွဲခြမ်း၊ ရွက်ထမ်းသည်မှ၊ များလှ ဖြင်ပြွမ်း၊ ကုသိုလ်စွမ်းနှင့်၊ ကြိုးပမ်း စုံညီ၊ ပါရမီကြောင့်၊ မဟီ တလ၊ လောက ထွတ်ထား၊ ဖုရားသခင်၊ ပွင့်ရာတွင်နှိုက်၊ သို့စင်တော်မှီ၊


  1. တရား စောင့်သီး၊ ကျွန်းကြီးသခင် (ဟံ)
  2. ဆူလှယ်စီးလျက် (မန်း, ဟံ)