Page:နန္ဒီသေနပျို့.pdf/48

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၄၅
နန္ဒီသေနပျို့
 

အမည် ခင်း၍၊ ပယ်ခွင်း ရန်စစ်၊ ဥကင်လှစ်သား၊ ဧကရာဇ်ပြိုင်၊ ရွှေနန်း ထိုင်သည်၊ စည်ခိုင် တောင်ယံ၊ တောင်သာစံထက်၊ ကျော်သံ ရိုက်အိန့်၊ ပတ်ဝန်း ထိန့်သည်။ ကိုးသိန်းသခင်၊ လက်ထက်တွင်မူ၊ ခိုဝင် ခယမ်း၊ မပြတ်ထမ်းရှင့်။ မည်းသမ်း မိုက်ညို၊ ရာဟုဂြိုဟ်လျှင်၊ ဖမ်းမျို ပြစ်ဆာ၊ လသော်တာသို့၊ ပြည်ရွာ ညှိုးယော်၊ တိမ်းယိမ်းသော်လည်း၊ ရှုမျှော်ကျင်ကျွမ်း၊ ပညာစွမ်းကြောင့်၊ မနွမ်း, မပါး၊ မျိုးဆွေများနှင့်၊ တရားဆောင်ရာ[1]၊ အရောက်ရှာ၍၊ ရတနာသိင်္ခ၊ ဌာနသာစည်၊ ကုန်းဘောင် ပြည်သို့၊ စိတ်ကြည် သာရွှင်၊ မှုထမ်းဝင်သည်၊၊ သဘင်,ရွှေမှောက် မင်းပွဲတည်း။

၁၀၆။။ သိင်္ခ ကုန်းဘောင်၊ သမိုက်ဆောင်သား၊ ကိုးတောင်ပို့ငူ၊ မုဆိုးဂူဝယ်၊ ဆင်ဖြူတော် ချည်၊ သရက်စည်သား။ ပြည်တည် မန္ဓတ်၊ သောင်းလုံးနတ်၏၊ သက်မှတ် သည်းချာ၊ ဥပရာ ဟု၊ တေဇာ လျှံညီး၊ သားကြီး သက်နှံ၊ အိမ်ရှေ့စံတွင်၊ ကျွန်ခံလက်ဦး၊ ပြုစုဘူးသည်၊ ကျေးဇူးမြုတေ၊ ချီးတိုင်း ဝေရှင့်။ ဝိဒေဟရ၊ လက်တော်မှလျှင်၊ ပဉ္စာလတိုင်း၊ ကွပ်ထိုင်း စိုးမှတ်၊ ဗြဟ္မဒတ်က၊ မြတ်မြတ် လေးလေး၊ အရေးတော်ယူ၊ သိမ်းတော်မူသည်၊ လှိုက်ဆူ လွှံ့ပတ်၊ မဟော်မတ်သို့၊ ကောင်းမြတ် လွန်ကြူး၊ အထူးထူးတိ၊ ကျေးဇူး ချီးမြှင့်၊ မကုံသင့်သား၊ ရွှေမြင့်မြို့စား၊ မုံထွား ပွင့်လျာ၊ လက်တော်မှာလျှင်၊ ရေးရာကျွမ်းကျင်၊ ဖန်,စီရင်သည်၊၊ ယခင်,ထုံးပုံ မလွဲတည်း။

၁၀၇။။ လက်ဝဲသုန္ဒရ၊ မျို့ဦးစမှ[2]၊ ဘယရန္တမိတ်၊ ပဏ္ဍိတ် ဟူသည်၊ မည်ရည် ဘွဲ့ခံ[3]၊ သတင်းသံနှင့်၊ ကျော်ညံ မစဲ၊ သူတော်ပွဲ၌၊ စွမ်းရဲ တည်ကြည်၊ အမတ်သည်လျှင်၊ ကြံစည် ရှာရုံး၊ ဉာဏ်ဖြင့်ကျုံး၍၊ ဆယ့်သုံး နှစ်ကျော်၊ လေးလပေါ် တွင်၊ မဟော် ရွှေကျမ်း၊ မိန့်တော်တမ်းကို၊ ခွဲခြမ်း ဖွေနှည်၊ ပြုစုသည်နှင့်၊ ရွှေပြည်ရောက်ခါ၊ လင်္ကာသီရိ၊ အမည်ရှိသား၊ ကဝိကျော်ခေါင်၊ ကျမ်းတစောင်ကို၊ ရွက်ဆောင်သည့်နောက်၊ တွေးထောက် ဆင်ခြင်၊ နေစဉ်တွင်၌၊ ကျော်ထင်သင်္ခယာ၊ ဘွဲ့မည်သာနှင့်၊ ပညာ ပြည့်စုံ၊ သမတ်ခုံလျှင်၊ လုံခြုံပြီးကြောင်း၊ တရားပေါင်းကို၊ တောင်းပန် သော့အား၊ ကိုးပါး ရံပတ်၊ နဝရတ်သို့၊ ဓမ္မသတ် လင်္ကာ၊ ရွှေကျမ်းစာကို၊


  1. တရားစောင့်ရာ (မန်း, ဟံ)
  2. မျို့ဦးစမှ (ဟံ မူတွင်သာပါသည်)
  3. နှစ်မည် ဘွဲ့ခံ (မန်း)