Page:နန္ဒီသေနပျို့.pdf/46

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၄၃
နန္ဒီသေနပျို့
 

နိဂုံး

၁၀၂။။ ကြားပိမ့် သီးသီး၊ နိဂုံး ချီးအံ့[1]။ ရစ်စီး တွေတွေ၊ ခုနစ် ခွေနှင့်၊ ရေလည်း ရှက်မှီ၊ ယဉ်သီတာ ဖုံး၊ ခုနှစ်လုံးတိ၊ ပတ်ကုံး တောင်ညို၊ တောင်ရိပ် ခိုသည်။ မြင့်မိုတောင်ကြီး၊ တောင်ဆီမီးထက်၊ နတ်ထီး ရိပ်ဖြူ၊ ဖွင့်လှစ် ထူလျက်၊ အသူရာ အောင်၊ မုနောဆောင်သား၊ ရွှေတောင် ပူရ၊ အယုဇ္စျသို့၊ မြစ်မ ယဉ်ရှင်၊ ငါးစင်းပြင်ကို၊ စီးဝင် ညိုရစ်၊ ဖုန်းတော်ဖြစ်ဟု၊ တမြစ် သီတာ၊ တဂင်္ဂါမူ၊ မြစ်သာ စီးဆင်း၊ ရေထွက် သွင်း၍၊ ခြောက်စင်း ပတ်ရံ၊ တန်ခိုး လျှံသည်၊ မင်းဝံတောင်မှိုင်း၊ တောင်ကသိုဏ်းဟု၊ တောင်တိုင်း ကြေးမုံ၊ သန်လျှက်ခုံထက်၊ မြစ်ဆုံ ကမ်းမော်[2]၊ ဘေးလောင်းတော်တို့၊ ပျော်ရာ ဘူမိ၊ မြေသီရိတွင်၊ ကျွန်းကြီး တန်ဆာ၊ ဖြစ်စိမ့်ငှါဟု၊ ရတနာ ရွှေပြည်၊ ရွှေမြို့ တည်၍၊ ပတ်လည် ခရိုင်၊ အဆိုင်ဆိုင်တည့်။ အနိုင်နိုင်ငံ၊ ရိုကျိုးနွံလျက်၊ နှုန်းစံ မနှိုင်း၊ အတိုင်းတိုင်းက၊ ညွတ်ကိုင်း ဦးချီ၊ ဝင်ရောက် မှီသည်၊၊ တောင်ဒီပါလုံး ကသိုဏ်းတည်း။

၁၀၃။။ ပူရ ရတနာ၊ ရွှေပြည်သာမှ၊ အညာ ရပ်ဆန်၊ ဆိုစတန်ရှင့်။ ဧသာန် ကသည်၊ လှည့်လည် စွဲမှတ်၊ လက်ယာ ပတ်သား၊ ဂြိုဟ်နတ် ယှဉ်မှီး၊ ယာဉ် ရှစ်စီးတွင်၊ ဟိုင်းကြီး ရံစောင့်၊ ယွန်း၍ ထောင့်ရှင့်။ တသောင်း ခြောက်ထောင်၊ ချင့်ဆောင်တာကျ၊ ထိုဘူမထက်၊ တွက်ချ နယ်သွင်း၊ ပယ်အချင်းကို၊ စာရင်း ကမ္ပည်း၊ မှတ်ရုံးစည်းလျက်၊ မန်ကျည်းတုံရွာ၊ တည်သည်မှာကား၊ သုနာပရန်၊ ကျော်ဝှန် သမိုင်း၊ မည်သော တိုင်း၌၊ စစ်ကိုင်းမြို့တည်၊ နိုင်ငံပြည်ကို၊ စိုးသည် ရာဇာ၊ သင်္ခယာဟု၊ စကြာ လျှံ ပွင့်၊ ရိပ်ဖြူ ဖွင့်သည်၊ နတ်ရှင့် လက်ထက်၊ ပြည်ထောင်ဘက်ဟု၊ ပန္နက် သေချာ၊ စွဲမှတ်ရာသား၊ ကျိန်စာ ဖွင့်လှစ်၊ သဲ,ကျောက်စစ်ဖြင့်၊ ခံသစ္စာ ပေး၊ သူရဲရွေးမှ၊ ရှေးက ကိုးသင်း၊ မြောက်ဖက်မြင်းတွင်၊ ဖွဲ့ရင်းစုမှာ၊ ကိုယ်စီပါ၍၊ ကိုးရာ ပိုင်းခြား၊ စားမြေများဖြင့်၊ မှတ်သား မြဲနှောင်၊ ရွာကြီး ထောင်လျက်၊ မြောက်,တောင် ကန်,ချောင်း၊ ဂူ,ကျောင်း ကုန်း,ကြည်း၊ အနည်းနည်းတည့်။ ကမ္ဗည်းအမှန်၊ ကိုးချက် ကန်သည်၊၊ ရွာ, မန်ကျည်းတုံ သမိုင်းတည်း။


  1. ဂုဏ်ဝှဲချီးအံ့ (မန်း)
  2. မြစ်ဆုံ ကမ်းပေါ် (မန်း)