Page:နန္ဒီသေနပျို့.pdf/44

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၄၁
နန္ဒီသေနပျို့
 

ကမ္မဋ္ဌာန်းကို၊ နှုတ်မန်း ကုသ၊ နိဗ္ဗာနသို့၊ အရ ကြံကြောင်း၊ ကြံချက် ကောင်းသည်၊ ထေရ်ပေါင်း အများ၊ အို ချစ်သားတို့၊၊ ကျော်ကြား ဝှန်ဝါ၊ ထိုအခါဝယ်၊ မဟာ ဇနိန်၊ စောနရိန်ဟု[1]၊ ကလိင်္ဂရာဇ်၊ မည်စစ် တသီး၊ ထို မင်းကြီး၏၊ သမီး လေးပါး၊ မိဖုရားကား၊ အများ ဘဝ၊ ကျင်လည်ကြ၍၊ ကာလ သင့်စွာ၊ ယခုခါ၌၊ ဝေသာလီမြေ၊ ချက်မြှုပ် ကြွေမှ၊ သပြေ လေးခိုင်၊ လေးယောက် ကိုင်၍၊ စွမ်းနိုင် ဝါဒ၊ သဟဿကြောင့်၊ ဒီပ သာစည်၊ ကျွန်းကြီး လည်သော၊ ရွှေပြည် သာမိ၊ သာဝတ္ထိတွင်၊ သာရိပုတ္တရာ၊ ဂုဏ် ပညာဖြင့်၊ ပုစ္ဆာလည်း ဖြေ၊ ကိလေသာ ကုန်၊ နေအရုဏ်သည်၊ ရက်ပုဏ္ဏချိန်၊ ရောင် မမှိန်ပဲ၊ သူရိန် နတ်သား၊ ရန်ဝေး သွားသို့၊ ထို့လား သွေးသီ၊ ဘိက္ခူနီတည့်။ ဝေသာလီတွင်၊ ပြည်တခွင်၌၊ အထင် အရှား၊ လွန်ကျော်ကြားလျက်၊ စွမ်းအား ငါးရာ၊ ဂုဏ် ပုစ္ဆာကို၊ ပညာ နှုတ်ငုံ၊ တတ် ကုံလုံသည်၊၊ ဆွေစုံ,မိဘ သမီးတည်း။

၉၉။။ ထိုရောအခါ၊ ပြည် ပါဋလိ၊ နား,မျက်စိဟု၊ ပြည်ကြီး ဂုဏ်ဆီ၊ ပြည်လုံး မှီသည်၊ နန္ဒီသေန၊ ပေါက်ပြ ကျော်ထင်၊ မင်းတိုင်ပင်ကား၊ များသင်္သရာ၊ ဆက်များစွာဝယ်၊ မြတ်ပါရမီ၊ စုံစီ ကြိုးစား၊ ဖြည့်သောအားဖြင့်၊ တရား ရှေးရှူ ၊ ယခုမူကား၊ အတူ မပြောင်း၊ ကြောင်းလည်း မကွာ၊ ဆရာ မကွဲ၊ လက်ဝဲ လက်ယာ၊ တူလာ တူသွား၊ ထူးမပြားလျှင်၊ တရား ညီညှိ၊ စွမ်း,သတ္တိဖြင့်၊ ကောလိယ နောင်၊ ဂုဏ်ထူးဆောင်လျက်၊ ဖုန်းခေါင် ရှေ့မှောက်၊ ငါ့ထံရောက်သော်၊ နှစ်ယောက်တူကူ ၊ဖိုလ်,မဂ် ရ၍၊ ငါက ချီးမြောက်၊ ငါ့လက်အောက်တွင်၊ ငါ့လောက် ဆိုဖွယ်၊ ပညာကျယ်၍၊ အံ့ဘွယ်တည့်ချည်း၊ ဆိုင်ရာ ပည်း၏။ လည်သည်းတော်ကြီး၊ သင်္ဃာ့ ထီးဟု၊ ယှဉ်မှီး မက္ခာ၊ ခိုရောက်လှာက၊ မဟာ ပဏ္ဍိ၊ ပညာရှိဟု၊ သာရိပုတ္တရာ၊ ခေါ်မည်သာသည်၊၊ လက်ယာ,တော်ရံ သားကြီးတည်း။

၁၀၀။။ ကလိင်္ဂ ရညော၊ မြတ် မုနောနှင့်၊ မင်းစော အဿက၊ စိုး,ပိုင်းသသည်[2]၊ ပြည်မ တိုင်းစပ်၊ မြေ အလပ်တွင်၊ လူ့ရပ် ရှောင်ရှောင်၊ လူ့ဘောင် ရှင်းရှင်း၊ သတင်း သုံးသုံး၊ နှလုံး ချင့်ချင့်၊ အကျင့် ဖွေဖွေ၊ ရွှေကျောင်း နေ၍၊ သရေထူးမြတ်၊ ကျော်လွှံ့ပတ်သည်၊ မိုးနတ် ဆရာ၊ သူတော်စွာ ကား၊ ဤကာလ ခေတ်၊ ယခု ဖြစ်တွင်၊ ဧကရာဇ် တကာ၊ ရခဲ


  1. စောရန်ရှိန်ဟု (မန်း)
  2. စိုးပိုင်ကြသည် (ဟံ)