Page:နန္ဒီသေနပျို့.pdf/43

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၄၀
လက်ဝဲသုန္ဒရ
 

ဥကင်၊ သိကြား ဝင်သို့၊ သဘင် ထူးဆန်း၊ ရှု,မခန်းသည်၊၊ ရွှေနန်း, ဝင်တော် မူ၏တည်း။

၉၆။။ နောက်,ရှေ့ ထောက်မြော်[1]၊ ဘေးလောင်းတော်တို့၊ မွေ့ လျော် စံမြဲ၊ စစ်အောင်ပွဲသို့၊ ပြည်ထဲ ပြည်ပ၊ လောက ထိပ်မိုး၊ အစဉ် ကိုးသည်၊ ပုထိုး ရွှေဂူ၊ အဆူဆူဝယ်၊ အလှူ အတန်း၊ ထီး,ပန်း တံခွန်၊ မိုးစွန် လွှင့်ထား၊ တရား ပေစာ၊ သင်္ဃာတော်အား၊ ဝပ်တွား ချမ်းမြေ့၊ ပူဇော်၍လျှင်၊ အရှေ့ ဧသာန်၊ စ၍ ရန်သော်၊ ဗိမာန် ရှစ်ထောင့်၊ မြို့စောင့် ပြည်နတ်၊ ပြာသာဒ် ထီးချက်၊ ညွန့် ကြက်သရေ၊ စောင့်နေ ရံပတ်၊ သမ္မာ နတ်အား၊ မလွတ် ပ,သ၊ ပြီးခါမှလျှင်၊ နန်းမ တောင်ညာ၊ သည်လျှာ မျိုးဘော်၊ ဆွေတော် မျိုးနီး၊ မှူးကြီး,မတ်ဖျား၊ အများ ရံပတ်၊ မှူးလတ် မတ်ငယ်၊ အသွယ်သွယ်တည့်။ နန်းလယ် တင်လျက်၊ အောင်ပွဲ ဆက်၍၊ ဖုန်း ကြက်သရေ၊ ရွှန်းရွှန်း ဝေမျှ၊ အောင်မြေ ပြည်တဲ၊ အောင်စည် သဲသည်[2]၊ အောင်ပွဲ,ဆင်တော် မူ၏တည်း။

၉၇။။ ပြည်များ သာမိ၊ သာဝတ္ထိတွင်၊ သာရိပုတ္တရာ၊ ရှင်မြတ် စွာလျှင်၊ ဒါယိကာမ၊ သဟဿ,တိ၊ ဝါဒ စွမ်းမြောက်၊ ပေါင်း လေးယောက်ကို၊ မခေါက်မရက်၊ ဖိုလ်မဂ် အဝင်၊ ချွတ်ရာတွင်၌၊ မြော်မြင် ထောက်ရှု၊ အကြောင်းပြု၍၊ သုံးလူ့ မုနိန်၊ မြတ် သိရိန်လျှင်၊ ကလိင်္ဂ ဇာတ်၊ အတ္ထုပ္ပတ်ကို၊ ဟောမှတ် ပိုက်ထုပ်၊ သေချာ အုပ်၍၊၊ ဇာတ်ချုပ်, ဤတွင် ပေါင်းလတ္တံ့။

၉၈။။ သတ္ထာ ဣမံဓမ္မဒေသနံ အာဟရိတွာ ဇာတကံ
သမောဓာနေသိ၊ တဒါ ကလိင်္ကရညော ဒီတရော
ဣမာဒဟရ၊ ဘိက္ခုနီယော အဟေသုံ၊
နန္ဒီသေနော သာရိပုတ္တော၊ တာပသောပန
အဟမေ ဝ အဟောသိံ န္တိ။

သန္ဓေ ဇာတိ၊ ဗျာဓိ ဇရာ၊ မရဏာဟု၊ ပြင်းစွာ ပူပန်၊ အတန်တန်တည့်။ အမှန် မချွတ်၊ သံသာဝဋ်မှ၊ ကိုယ်လွတ် ခွါခွါ၊ ရှင်းစိမ့် ငှါဟု၊ စင်စွာ ချပ်ငုံ၊ ခုနစ်စုံကို၊ ကိုယ်လုံ အစ၊ ဝီရိယဖြင့်၊ လုံ့လ စီးဖြန်း၊


  1. ရှေ့,နောက် ထောက်မြော် (ဦး)
  2. စည်သဲသဲသည် (ဦး, မန်း)