Page:နန္ဒီသေနပျို့.pdf/35

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၃၂
လက်ဝဲသုန္ဒရ
 

ပို့လိုက်ရရှင့်။ လုံ့လလည်း ရှိ၊ ဉာဏ်ကဝိ နှင့်၊ သတ္တိ ရဲရောင်[1]၊ ပွဲကြီး အောင်သည်၊၊ စွမ်းဆောင်,လုံ့လ အကျိုးတည်း။

၇၉။။ “ဤပုံ,ဤထုံး၊ နည်းကို ကျုံး၍၊ နှလုံးတော်စား၊ မှုခင်းများကို၊ ခွန်အား ထုတ်ထုတ်၊ ကြိုးကုတ် စိတ်ပိုင်၊ ကြံ့ကြံ့ခိုင်လော့။ နိုင်မည်,ရှုံးမည် ဆိုသည်စကား၊ ဘယ်သူအားလျှင်၊ ထင်ရှား တပ်တပ်၊ သိလေအပ်လိမ့်။ ကြပ်ကြပ်,တည်းတည်း၊ စည်းစည်း,ရုံးရုံး၊ နှလုံး စိတ်စက်၊ မငဲ့ကွက်အောင်၊ ရဲမက်တို့အား၊ နားပါး ချချ၊ ပြပြ,ပြောပြော၊ သဘော ဓလေ့၊ ညီကြ၍လျှင်၊ အရှေ့ နေဝင်၊ ယဉ်ရှင် သီတာ၊ အညာ ဆန်သွား၊ မိုးကား အောက်နေ၊ မြေကား ထက်ယံ၊ ဓူဝံ ရှိရာ၊ တောင်မျက်နှာ ဟု၊ သေချာ စုံပြည့်၊ ပြောပေလှည့်လည်း၊ လွဲ၏ မထင်၊ ရဲစိတ်ဝင်သား။ သို့စင် စွမ်းရည်၊ သျှင့်စစ်သည်တို့၊ ဦးတည် စွန့်စား၊ ထမ်းမည်အားလည်း၊ အခြား မဖီ၊ နှလုံးညီရှင့်။ ချီမည်, ထွက်မည်၊ တိုက်မည် နေ့ရက်၊ ချိန်းချက်ရာက၊ မလွန်ရအောင်၊ များလှ ဗိုလ်ခြေ၊ ရံအုပ်တွေဖြင့်၊၊ အောင်မြေ, နင်းတော် မူပါလော့။

၈၀။။ “သူ့တပ်,တို့တပ်၊ စစ်မြေရပ်ဝယ်၊ ကြပ်ကြပ်တည်းတည်း၊ စည်းစည်း,ရုံးရုံး၊ နှလုံး မတွန့်၊ စိတ်လိုလွန့်လျက်၊ သက်စွန့် များသူ၊ နိုင်မြဲ ယူလော့။ သူတို့ မှတ်ရိုး၊ စစ်မက်ထိုးသော်၊ အားကြိုး တင်းတင်း၊ လူချင်း ချင်းကို၊ ဘယ်မင်း ဖက်ပြိုင်၊ ဘယ်တပ် ဆိုင်အံ့။ သူ့ နိုင်ငံသား၊ သံမှုန့် စားမှ၊ တို့ဓား တုံးမည်၊ မှတ်တော်တည်လော့။ တိုင်းပြည်,စိုးရ၊ ကလိင်္ဂ အား၊ ဥသဘယောင်၊ ဆောင်၍ စွဲမှတ်၊ စောင့်သောနတ်ကို၊ မှူးမတ် ဗိုလ်ပါ၊ များစွာ ဖြီးထူ၊ ရှိပါမူလည်း၊ မည်သူအားမှ၊ မမြင်ရတည့်။ ထင်ပြ, မဖေါ်၊ လျှို့ဝှက်သော်လည်း၊ ကိုယ်တော်တပါး၊ ဖုန်းတော်အားကြောင့်၊ ရှေ့ဖျား, တူရူ၊ မြင်တော်မူလိမ့်။ ရောင်ဖြူ လွလွ၊ ဥသဘလည်း၊ တပ်မ ဆီလျော်၊ စွန်းစွန်းပေါ်တွင်၊၊ ကိုယ်တော်,ခွင်းတော် မူပါလော့။

၈၁။။ “ရောင်ဖြူလွလွ၊ ဥသဘကို၊ တမျှ နတ်စက်၊ ရွှေလက်နက် ဖြင့်၊ ရွှေလက်တော် ညွတ်၊ ထိုးလိုက်လွှတ်မှ၊ မလွတ် ဆီလျော်၊ အာနုဘော်ကြောင့်၊ လှံတော် လွှတ်ရာ၊ ထိုမျက်နှာသို့၊ ဗိုလ်ပါ လှည့်လည်၊ တိုက်စည် ဆော်နှိုး၊ ဝန်း၍ ထိုးသော်၊ နွမ်းညှိုး ဆုတ်ရှောင်၊ တပ်ဦး အောင်က၊ မြား


  1. သတိ ရဲရောင် (ဦး)