Page:နန္ဒီသေနပျို့.pdf/34

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၃၁
နန္ဒီသေနပျို့
 

၇၆။။ “ဒီပကျွန်းငူ၊ ကျွန်းလေးဆူတွင်၊ ဇမ္ဗူ တဘီး၊ ဤကျွန်းကြီးထက်၊ ဆောင်းထီး နန်းစံ၊ နိုင်ငံ မြို့,ရွာ၊ ဗိုလ်ပါ လက်နက်၊ တိုက်ဖက် အင်တူ၊ ဖြစ်လေမူလည်း၊ အယူအတွေး၊ ကြံရေးပညာ၊ မတူလှာ၍၊ လိမ္မာ ဆန်းပြား၊ ကျော်ထင်ရှားသည်။ တရား မင်းမြတ်၊ လောကနတ်၊၊ တွင်မှတ် နဂိုရ်၊ တက္ကသိုလ် နှင့်၊ မည်ဆို ပူရ၊ ဗာရာဏဟု၊ ပြည်မ အကြား၊ အလား အလာ၊ လူများစွာကို၊ အစာ မရွေး၊ ကိုယ်အမွေးဖြင့်၊ သစ္စေး ဂွမ်းတင်[1]၊ ငြိသောသွင်သို့၊ တွေ့မြင်ရာ ဖမ်း၊ ဘီလူးကြမ်း၏၊ ပိုင်လမ်း ကန္တာ၊ ရောက်တုံလှာသား၊ ပဉ္စာသုဓ၊ မည်ရ သညာ၊ လောင်းပွင့်လျာသည်၊၊ ဗာရာ,ပြည်မ နန်းရိုးတည်း။

၇၇။။ “သိလေသဟု၊ လောမ ဆိုးသွမ်း၊ ဘီလူးကြမ်းလျှင်၊ လိုက်ဖမ်းသော့ခါ၊ စကြာ မုံထွား၊ ထိုမင်းသားကား၊ လှံ,ဓား မကြွင်း၊ ခက်ရင်း ဒုတ်,လေး၊ ပစ်သော ဘေးလျှင်၊ အမွေးသို့ ရောက်၊ စူး မပေါက်၍၊ ခြေကျောက် လက်ခတ်၊ တွန်းသတ် တတန်၊ အားထုတ်ပြန်လည်း၊ စွမ်းအန် မရှိ၊ မွေးတွင် ငြိက၊ သတိ မလွင့်၊ ဥက္ခောင်းဖြင့်လျှင်၊ ထပ်ဆင့် တိုးဝှေ့၊ ခြင်္သေ့ နှိုင်းရာ၊ စိတ်ခိုင်မာသည်၊၊ ရွံ့ရှာ,မလန့် မစိုးတည်း။

၇၈။။ “ပဉ္စာဝုဓ၊ မည်ရ ထင်ရှား၊ ထိုမင်းသားသည်၊ တည်ကြား ကြံ့တင်း[2]၊ ရဲရင့်ခြင်းကြောင့်၊ ဝမ်းတွင်း လန့်စိုး၊ နှလုံးညှိုးလျက်၊ မကြိုး, မပမ်း၊ ဘီလူးကြမ်းက၊ ကြောင်းလမ်း ဆွေးနွေး၊ ဤသို့ မေး၏။ ‘အဝေး, အနီး၊ ခရီး လာ,သွား၊ လူတလွှားကို၊ ဖမ်းစားလှပြီ၊ မထီမဲ့မြင်၊ သို့စင်ကြောင်းရေး၊ သေမည့်ဘေးကို၊ မလေးမလောက်၊ မကြောက်,မထိတ်၊ ရွှံ့စိတ် မငဲ့၊ မတုန်လှဲ့တည့်။ သင်ကဲ့သို့ပင်၊ မမြင်တွေ့ဘူး၊ ရဲရည်ထူး’ဟု၊ ဘီလူးစကား၊ ဆိုသံကြားက၊ မင်းသား သွယ်ဝယ်၊ ပရိယာယ်ဖြင့်၊ ‘တကယ် ငါ့အား၊ သင်တည်းစားအံ့၊ စိန်ဓား သန်လျှက်၊ လက်နက် ဝမ်းမှာ၊ ငါ့တွင်ပါရှင့်။ သင်သာ ခုသည်၊ ဘေးသင့်မည်ကြောင့်၊ ကြံစည်တွေးထောက်၊ ငါမကြောက်’ဟု၊ စွမ်းမြောက် ဆိုသား၊ ထိုစကားကြောင့်၊ မစားဝံ့ချေ၊ မင်းသားနေသည်၊ အောင်မြေ ဗာရာ၊ ပြည်သို့သာလျှင်၊ နောက်ပါ မ,စ


  1. သစ္စေး ဂွမ်းတွင် (ဦး, ဟံ)
  2. တည်ကြား ကြပ်တင်း (ဦး, မြန်)