Page:နန္ဒီသေနပျို့.pdf/31

From Wikisource
Jump to navigation Jump to search
This page has been proofread.
 
၂၈
လက်ဝဲသုန္ဒရ
 

သံသရာဝယ်၊ သတ္တဝါအများ၊ သူတို့အားကို၊ သနား ကြည်ဖြူ၊ ကယ်တော်မူအံ့။ ဆုယူ အလောင်း၊ မြတ်ရာ ချောင်းသည်၊ ဖုန်းပေါင်း တောက်ထိန်၊ စောမုနိန်၊၊ ကလိင်္ဂရာဇ်၊ မင်းစစ် အဿက၊ ရန်ဖြစ်ကြ၍၊ ရန်စ မကွာ၊ ရန်ရှာ ရန်ခိုက်၊ စစ်တိုက်သောခါ၊ မဟာရာဇ၊ အဿာကဟု၊ သိင်္ဂ မုနော[1]၊ ထုတ် မင်းစောကို၊ စောင့်သောနတ်သည်၊ မွေးရည် တန်ဆာ၊ ဖြူ,ပြာ, စိန်,ရွှေ[2]၊ ထွေထွေ မရော၊ နတ်ကျော မည်းရောင်၊ ဖိတ်ဖိတ်ပြောင်မျှ၊ မင်းခေါင် နရ၊ ကလိင်္ဂကို၊ စောင့်ထ နတ်မူ၊ အဖြူ သန့်ရှင်း၊ ထွတ်ထွတ် ဝင်းတိ[3]။ မင်းကြီး ရုပ်ဝါ၊ ဆင်တန်ဆာဖြင့်၊ ဦးစွာ ရှေ့ဖျား၊ ခွန်အား ထုတ်ထုတ်၊ လွန်ကြိုးကုတ်လျက်၊ နွားဥဿဘ၊ ဖန်ဆင်းကြ၍၊ လောကထွတ်ထား၊ မင်းနှစ်ပါး၏၊ ကိုယ်စားတော် ကြိုး[4]၊ လှုံ့ဆော် နှိုး၍၊၊ စစ်ထိုး,ပွဲဦး ပြိုင်လတ္တံ့။

၆၇။။ “ထိုမင်းနှစ်ပါး၊ ကံအလားလျှင်၊ စွမ်းအား ဗလ၊ ဥသဘတို့၊ တိုက်ကြလေမူ၊ မည်သသူမျှ၊ မွေးမြူ မမြင်၊ နတ်သျှင် ထွတ်ထား၊ နှစ်ပါး မင်းသာ၊ မြင်တို့ရာ၏။ ပမာ နှိုင်းနှုန်း၊ ပိတုန်း မြတောင်၊ နွားနက်ရှောင်၍[5]၊ ဖြူရောင် နွားမင်း၊ တိုက်လံ ခွင်းက၊ သတင်း နွမ်းညှိုး၊ တန်ခိုးနွမ်းလျော်၊ ဖုန်းတော် နွမ်းလျ၊ အဿကတည့်။ ကာလ ထိုချိန်၊ ဖုန်းတော်ထိန်၍[6]၊ ကလိင်္ဂမင်း နိုင်လတ္တံ့။

၆၈။။ “ထိုနွား နှစ်ဦး၊ ဝှေ့စူး တိုက်ရာ၊ ထိုဩဘာ ကြောင့်၊ ပြည်ပါဋလိ၊ အမည်ရှိသည်၊ မင်းကြီး ရဲဘော်၊ စစ်သည်တော်တို့၊ နွမ်းလျော်ရှောင်သွေ၊ ပျက်စီးချေ၍၊ ထွန်းနေ လဝါ၊ တက်လျှံ ဖြာသို့၊ မဟာရာဇ[7]၊ ကလိင်္ဂသည်၊ ဒီပတရိုး၊ အခေါင်မိုး၍၊ ၊ တန်ခိုး,ဖုန်းတန်း လှိုင်လတ္တံ့။

၆၉။။ ထိုသို့ ဩဘာ၊ ထင်ခြင်းရာကို၊ ဣန္ဒာဒေဝ၊ ကိစ္စ စုံစေ့၊ ရှင်ရသေ့အား၊ ချမ်းမြေ့ ထူးလည်၊ သာကြည် လျှောက်ထား[8]၊ ထို စကား


  1. သိင်္ခ မုနော (ဦး)
  2. မွေးရှည် တန်ဆာ၊ ဖြူ,ဝါ,စိမ်း
    ရွှေ (မြန်, ဟံ)
  3. ထွတ်ထွတ်ဝင်းဘိ (မြန်)
  4. ကိုယ်စားတော် ကျိုး (မန်း, ဆုံ)
  5. နွားနက်ရှောင်၏ (ဦး)
  6. ဖုန်းတော် မှိန်၍ (မန်း, ဆုံ)
  7. မဟာ တေဇ (ဦး)၊ မဟာ
    ပဝရ (မန်း)
  8. သာကြည် ထောက်ထား (ဦး)